မြင်းကျားဆိုတာမျိုးက နာမည်နဲ့လိုက်ဖက်အောင် ပေးထားတာဖြစ်ပြီး သူတို့ရဲ့ ပုံသဏ္ဍာန်ကိုလဲ ပုံဖော်မြင်ယောင်စေပါတယ်။ ဒါပေမယ့် အစဉ်းကြောင်း မျဉ်းများမရှိပဲ အစက်အပြောက်တွေနဲ့ မွေးဖွားလာတဲ့ ထူးခြားမြင်းကျားလေး တစ်ကောင်ရှိပါတယ်။ သူ့ကို ကင်ညာနိုင်ငံက ဓာတ်ပုံဆရာ အန်တိုနီက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Tira လို့အမည်ရတဲ့ အဆိုပါမြင်းကျားလေးက အမှန်တစ်ကယ်တမ်းတော့ ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇ အခြေနေရှိနေကြောင်းကို ဇီ၀ဗေဒပညာရှင် Ren Larison က ရှင်းပြထားပါတယ်။ ဒီမြင်းကျားလေးကို ကြည့်ရှုဖို့ အတွက် ကမ္ဘာလှည့်ခရီးသည်ပေါင်းများစွာ နှစ်စဉ်လာရောက်ကြပါတယ်။

အာဖရိက ယင်ကောင်တွေက မြင်းကျားရဲ့ ခန္ဓာကိုယ်ဆီကို သေစေနိုင်လောက်တဲ့ပိုးမွှားတွေသယ်ဆောင်လာတတ်ပါတယ်။ ဒါကြောင့် အစဉ်းကြားတွေက ယင်ကောင်တွေကို လှည့်စားထားတဲ့ သဘာ၀ပေးတဲ့ ဒိုင်းကာတစ်ခုပါ။ ဒါပေမယ့် Tira မြင်းကျားလေးကတော့ ဒီလိုအစဉ်းကြားတွေမပါရှိတာမို့ ယင်ကောင်တွေရဲ့ ပစ်မှတ်တစ်ခုလို အန္တရာယ်ရှိနိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ cbc.ca/kidsnews




