မြင်းမျိုးစိတ်များအကြောင်း

//s9.kh1.co/16/167be8dff2292ef9b876b131134ad30b83bb15f8.jpg
MPT

 ၁၉-အောက်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

မတူညီသော ထူးခြားချက်များနှင့် မြင်းမျိုးစိတ်

(1) Mustang

16 ရာစုတွင် စပိန်မှအမေရိကကို ပြောင်းလဲယူဆောင်ခဲ့တဲ့မျိုးစိတ်ဖြစ်ပါတယ်။ မြင်းရိုင်းလို့သတ်မှတ်ကြပေမယ့် တစ်ချိန်ကအိမ်မွေးတိရိစ္ဆာန်ဖြစ်ခဲ့ဖူးပါတယ်။ ပုံမှန် Mustang တစ်ကောင်က တစ်နာ (25) မိုင်ကနေ မိုင်(30) အထိ အမြန်နှုန်းရှိပါတယ်။ ပေါင် 800 အလေးချိန်ရှိပြီးတော့ ‌အမေရိကမြင်းအပြေးပြိုင်ပွဲတွေမှာ ထူးချွန်ကြပြီး အဆင့်ခုနစ်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/9d/9d2cdd2c6cf7349225fac93a2b73a775ce5958dc.jpg

(2) Standardbred

ခိုင်မာတောင့်တင်းတဲ့ကြွက်သားများနဲ့ ပုခုံးတွေက Standardbred မြင်းတွေရဲ့ အင်အားပဲဖြစ်ပါတယ်။ ခွန်အားကောင်းလွန်းတဲ့ Standardbred တွေက ခုန်ပေါက်ခြင်း၊ ဆွဲခြင်းနှင့် အပြေးပြိုင်ခြင်းတွေမှာ သူမတူထူးချွန်ကြပါတယ်။ အလုပ်လုပ်ရာတွင်လွယ်ကူမြန်ဆန်ကြပြီး လူသားတွေနဲ့ အတော်လေး လိုက်လျောညီထွေရှိတဲ့ မြင်းမျိုးစိတ်ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=539,q=100/3e/3e1976e6323e872353d671b1c72e43be3abc621e.jpg

(3) Appaloosa

ပစိဖိတ်အနောက်မြောက်ပိုင်းမှ Nez Perce လူမျိုးတွေ စတင်မွေးမြူခဲ့တဲ့ မြင်းတွေဖြစ်ပါတယ်။ ကျားသစ်နဲ့တူတဲ့ အစက်အပြောက်တွေက Appaloosa မြင်းတွေရဲ့ ထူးခြားချက်တစ်ခုပါ။ မြေခွေးတွေကို အမဲလိုက်ဖို့နဲ့ ပွဲအခမ်းအနားတွေမှာ အသုံးပြုကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=471,q=100/ed/ed53e6e6e4d26f31cb5a3f491918d730039d3581.jpg

သတင်း အရင်းအမြစ် a-z-animals

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T