မိန်းကလေးတွေအတွက် ခရီးသွားရင် မဖြစ်မနေရိုက်သင့်တဲ့ဓာတ်ပုံပို့စ်လေးတွေ

//s9.kh1.co/fa/fac78a3f81aa8c61d06f3baf4916d303c476d642.jpg
MPT Korea Celebrity

 ၁၉-အောက်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

မိန်းကလေးတွေအတွက် ခရီးသွားရင် မဖြစ်မနေရိုက်သင့်တဲ့ဓာတ်ပုံပို့စ်လေးတွေ

ခရီးသွားတဲ့ရာသီရောက်တော့မှာဆိုတော့ ခရီးသွားရင်းပုံလှလှလေးတွေရိုက်ဖို့ဆန္ဒရှိတဲ့မိန်းကလေးတွေအတွက် ပို့စ်လှလှလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/df/df4dfa6abbb0a28a9e526b35772662f6c7d7274b.jpg

ပန်းလေးတွေရှိတဲ့နားကိုရောက်ရင် ပန်းပန်တာ ဒါမှမဟုတ် ပန်းလေးတွေကိုင်တဲ့ပို့စ်လေးတွေလုပ်လို့ရပါတယ်။ ပန်းပွင့်တွေကိုနောက်ခံထားပြီးရိုက်တဲ့ ပုံလေးတွေဟာခရီးစဥ်တစ်ခုအတွက်အကြီးမားဆုံးအမှတ်တရဓာတ်ပုံလေးတွေဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/70/704e3c048c1187589a559cb6d396bab92f6e90f1.jpg
https://s9.kh1.co/__image/w=563,h=676,q=100/60/60c728bb705dfbc9577dd49b66cf4d418d742e22.jpg

ခရီးထွက်တဲ့မြို့ရဲ့လမ်းမကြီးပေါ်မှာ လွတ်လွတ်လပ်လပ်ပို့စ်ပေးထားတဲ့ပုံလေးကလည်း မရှိမဖြစ်ပါပဲ။ လူပုံထက် လမ်းမကြီးနှင့် ရှူခင်းအသားပေးတဲ့ဒီလိုပို့စ်တွေက ဆိုရှယ်မီဒီယာမှာတင်ဖို့အတွက်လည်းအကောင်းဆုံးပုံတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=691,q=100/60/608e28e96720d0c5e70d41e242836032159ded3e.jpg
https://s9.kh1.co/__image/w=563,h=704,q=100/c4/c4fe8d91b179205842b36edb0c6bda34a80f6f20.jpg

ကိုယ်ခရီးထွက်တဲ့နေရာမှာ ဓာတ်ပုံရိုက်ဖို့နေရာလှလှလေးမရှိဘူးဆိုရင်တောင် တံခါးတစ်ခုတော့သေချာပေါက်ရှိနေမှာပါ။ တံခါးရှေ့မှာထိုင်တာ မတ်တပ်ရပ်တာမျိုးလုပ်ပြီး ခရီးသွားဓာတ်ပုံအမိုက်စားလေးတွေရိုက်ကူးလို့ရပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/8e/8e7e0a650c5c3ee9898b668dfd602fb871885c6d.jpg
https://s9.kh1.co/__image/w=564,h=705,q=100/a4/a40ba129588e32340817c4813b7af11280f36f67.jpg

လေယာဥ်နှင့်သွားရတဲ့ခရီးတွေဆိုရင် ဒီလိုခရီးဆောင်အိတ်နှင့်ပုံလေးတွေက မရိုက်မဖြစ်ပုံလေးတွေပါပဲ။ မှတ်တမ်းတစ်ခုအနေနှင့် သိမ်းထားနိုင်တဲ့ပုံလေးတွေဖြစ်သလို အမှတ်တရဖြစ်တဲ့ပုံလေးတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/43/43a9807307da00a38014816b132822def086c448.jpg
https://s9.kh1.co/__image/w=564,h=980,q=100/41/41da7d3e49f571dc4a8a96dded38d223cceea374.jpg

နောက်ကျောဖက်ကိုပဲ ဖော်ပြတဲ့ဒီလိုပို့စ်တွေကလည်း ခရီးတစ်ခုအတွင်းမှာရိုက်သင့်တဲ့ ပို့စ်တွေပါ။ ကမ်းခြေနှင့်တောင်ပေါ်တွေမှာဆိုရင် ပိုလှတဲ့ပုံတွေရနိုင်ပြီးတော့ မထင်ထားလောက်တဲ့သဘာဝတရားအလှတွေကိုပါ ပုံထဲမှာထည့်သိမ်းထားနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/b4/b4d1c0792349d7a6df4822eceba913e190c05a88.jpg
https://s9.kh1.co/__image/w=563,h=676,q=100/8b/8b11218d81f7c984cbf7fa2cd8544b05257f9442.jpg

Phtotos from Pinterest

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T