တိုက်တေနမ်ဟုအမည်ရသော ပန်းတစ်မျိုးသည် အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ မိုးသစ်တောများတွင် အစုလိုက်ရှင်သန်ကြသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးအကိုင်းအခတ်မရှိသော ပန်းပွင့်ကြီးဖြစ်သည်။ အများအားဖြင့် 50 kg (110 ပေါင်) ဝန်းကျင်အလေးချိန်ရှိသည် ။

အမြင့်ဆုံးပန်းပွင့်သည် 2013 ခုနှစ် မေလတွင် Botanical Gardens Bonn (Germany) တွင် မှတ်တမ်းတင်ခဲ့ပြီး 3.20 m အထိရောက်ရှိခဲ့သည်။ ၎င်းပန်းသည် တစ်နှစ်နှင့်တစ်နှစ် မတူညီသည့် ကြီးထွားမှုစံချိန်ကို ချိုးထား နိုင်သည်။

Titan Arum ၏အနံ့သည် ပုပ်နေသောအသားနှင့်ဆင်တူပြီး ၎င်းကိုဝတ်မှုန်ကူးသော carrion-စားပိုးကောင်များနှင့် ယင်ကောင်များ (family Sarcophagidae) တို့ကို ဆွဲဆောင်သည်။များသောအားဖြင့် ပန်းပွင့်ချိန်မှာ 4-10 နှစ် သို့မဟုတ် ထိုထက်ပို၍ကြာတတ်သည်။အပင်မပွင့်သော နှစ်များတွင် အမြင့် 4.6-7 မီတာ (15-23 ပေ) မြင့်သော သစ်ပင်တစ်ပင်နှင့်တူသည်။Titan Arum သည် ပန်းပွင့်ချိန်တွင် အဓိက ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသည်များ၏ အာရုံကို ဖမ်းစား ထားသည်။

သတင်း အရင်းအမြစ်៖ britannica.com/plant/Araceae




