2015 ခုနှစ်တွင် သုတေသီတစ်ဦးသည် သီရိလင်္ကာ၏ အလယ်ပိုင်းကုန်းမြင့်ရှိ Peak Wilderness မိုးသစ်တော၏ မတ်စောက်ပြီး ချော်ထွက်သည့် အနေအထားကို စူးစမ်းလေ့လာခဲ့ရာ Strobilanthes မျိုးစုတွင် မရင်းနှီးသော အပင်တစ်ပင်ကို တွေ့ရှိခဲ့သည်။

"အိပ်ပျော်နေသောအလှတရား" ဟုအဓိပ္ပာယ်ရသော ၎င်းအပင်အား သုတေသီက စိတ်ရှည်စွာဖြင့် နှစ်စဉ်သွားရောက်လေ့လာခဲ့သည်။ ငါးနှစ်ကြာပြီးနောက်တွင် ၎င်းပန်းများသည် အပွင့်စတင်ပွင့်လန်း ခဲ့သည်။

Rajapakse (သုတေသီ) သည် အပင်၏အင်္ဂါရပ်များကို ဆင်တူသောမျိုးစိတ်များနှင့် ဂရုတစိုက် နှိုင်းယှဉ်ကာ မျိုးရိုးဗီဇ နှိုင်းယှဉ်မှုများလည်း လုပ်ဆောင်ခဲ့သည်။ ရလဒ်များအရ Rajapakse သည် "Strobilanthes medahinnensis " ဟု အမည်ပေးထားသည့် မျိုးစိတ်သစ်တစ်မျိုးကို ရှာဖွေတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။

သတင်း အရင်းအမြစ်៖ lankas-list-of-endemic-plants