သုံးစက္ကန့်မှတ်ဉာဏ်နဲ့ရွှေငါးများ

//s9.kh1.co/7b/7bdce62af4df9a8181784a4f0a22079d340c35d9.jpg
MPT

 ၁၂-အောက်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ရွှေငါးတွေတစ်ကယ်ပဲ ဉာဏ်မကောင်းတာလား

ရွှေငါးတွေရဲ့မှတ်ဉာဏ်နဲ့ပက်သက်ပြီး အငြင်းပွားမှုဟာဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ ငါးဆိုင်ရာ သိနားလည်မှုဆိုင်ရာ ကျွမ်းကျင်သူ Culum Brown ကရွှေငါးတွေရဲ့မှတ်ဉာဏ်နဲ့ပက်သက်ပြီး လေ့လာမှုပြုခဲ့ပါတယ်။ လက်တွေ့မှာတော့ ရက်သတ္တပတ်များ၊ လများနှင့် နှစ်များအထိ ကြာရှည်စွာ မှတ်ဥာဏ်များ ရှိသည် ဟု Brown က ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/c8/c869ebe45f5a9592f8fac4d2d85c314a3071cde8.jpg

ကျွမ်းကျင်ပညာရှင် Culum Brown ကရွှေငါးအပါအဝင် ငါးများရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို 25 နှစ်ကျော်ကြာ လေ့လာခဲ့ပြီး အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များရဲ့ သေးငယ်ပြီး ငြီးငွေ့ဖွယ်ကောင်းတဲ့ ရေလှောင်ကန်တွေမှာ ထားရှိလေ့ရှိတာကြောင့် မှားယွင်းတဲ့အယူအဆတွေကနေ စတင်ခဲ့တာဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/52/52e3018c8538a861d3fc580f82aa1f1c82380cf3.jpg

ရွှေငါးများတွင် မှတ်ဉာဏ်လေ့လာခြင်းနှင့် သင်ယူခြင်းအတွက် ဘုံစံပြအဖြစ် အသုံးပြုလေ့ရှိသည်ဟု Brown က ဆိုသည်။ ရလဒ်အနေနဲ့ ငါးတွေမှာ ကောင်းမွန်တဲ့အမှတ်တရတွေရှိကြောင်း ပြသတဲ့ ထောင်ပေါင်းများစွာသော လေ့လာမှုတွေ ရှိပါတယ်” ဟု Brown က ပြောကြားခဲ့တယ်။ Goldfish တွေက ပြဿနာဖြေရှင်း နိုင်တဲ့သူရဲကောင်းများဖြစ်ပြီး ပိုက်ကွန်များနှင့် ဝင်္ကပါများကို သွားလာရန် သင်ကြားပေးခဲ့ကြောင်း Brown က ဆိုသည်။ ၎င်းတို့သည် ဤအလုပ်များကို ရက်သတ္တပတ်များအတွင်း မည်သို့ပြန်လုပ်ရမည်ကိုပင် မှတ်မိနိုင်တဲ့အကြောင်းကို လများကြာပြီးနောက်တွင်ပင် Brown က ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့်ရွှေငါးတွေရဲ့မှတ်ဉာဏ်က သုံးစက္ကန့်ထက် ပိုမိုမှတ်နိုင်ပြီး ဉာဏ်အကောင်းဆုံးငါးပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=442,q=100/ea/ea73aa01c49216b8e3444b04fac244f083522a05.jpg

သတင်း အရင်းအမြစ် livescience

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T