ပုတ်သင်ညိုတွေ ဘာလို့အ‌ရောင်ပြောင်းကြတာလဲ

//s9.kh1.co/76/769b9d14efa83652a65978adda0dca5f4dc19ca1.jpg
MPT

 ၁၂-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သင်မသိသေးတဲ့ ပုတ်သင်ညိုများရဲ့ အ‌ရောင်ပြောင်းလဲခြင်းဖြစ်စဉ်

Chameleon (ပုတ်သင်ညို) များသည် ပန်းရောင်၊ အပြာ၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်နှင့် စိမ်းပြာရောင် အစရှိသော အရောင်များစွာပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ကို အာဖရိက၊ ဥရောပ၊ အာရှနှင့် မြောက်အမေရိကတို့တွင် တွေ့ရှိနိုင်သည်။ ပုတ်သင်ညိုမျိုးစိတ်ပေါင်း ၁၆၀ ခန့်ရှိပြီး မိုးသစ်တောများနှင့် သဲကန္တာရများတွင် နေထိုင်နိုင်သည်။ 

https://s9.kh1.co/__image/w=650,h=463,q=100/aa/aa052e6873a33f6f42af1911e472df51c63a4e3e.jpg

လူတော်တော်များများက ပုတ်သင်ညိုတွေဟာ သူတို့ကိုယ်သူတို့ ရုပ်ဖျက်ပြီး သားကောင်တွေဆီကနေ ပုန်းအောင်းဖို့ အရောင်တွေပြောင်းတယ်လို့ ယုံကြည်ကြပါတယ်။ သို့သော်လည်း ပုတ်သင်ညိုများသည် အလွန်လျင်မြန်ပြီး  တစ်နာရီလျှင် (၂၁ )မိုင်အထိ ပြေးနိုင်သည်။  သားရဲအများစုကို အလွယ်တကူရှောင်နိုင်သည့်အတွက် လူအများထင်မြင်ချက်မှာ အရောင်ပြောင်းရသည့် ဒုတိယအကြောင်းရင်းတစ်ခုသာဖြစ်သည်။

https://s9.kh1.co/__image/w=650,h=351,q=100/bb/bb034ed96e689a54ea190ef64ea4c7f0604cff90.jpg

ပုတ်သင်ညိုများသည် ၎င်းတို့၏ စိတ်ခံစားချက်များကို ထင်ဟပ်စေရန် အရောင်ပြောင်းသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် အခြားသော ပုတ်သင်ညိုများထံ လူမှုရေးအချက်ပြမှုများကို ပေးပို့ကြသည်။ ဥပမာအားဖြင့် ပိုနက်သောအရောင်များသည် ပုတ်သင်ညိုများ စိတ်ဆိုးခြင်းကို ဆိုလိုသည်။ အဖော်များကို ဆွဲဆောင်ရန်အတွက် ပေါ့ပါးသောအရောင်များကို အသုံးပြုတတ်ကြသည်။ 

https://s9.kh1.co/__image/w=650,h=434,q=100/97/97a2e0b76587c792f3b81f4363202e0698f94e95.jpg

အချို့ပုတ်သင်ညိုများသည် ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန် သို့မဟုတ် အလင်းရောင်ပြောင်းလဲမှုများကို ထိန်းညှိရာတွင် ကူညီရန် အရောင်များပြောင်းလဲကြသည်။ ဥပမာအားဖြင့် အအေးမိသောပုတ်သင်ညိုသည် အပူကိုပိုမိုစုပ်ယူရန်နှင့် ၎င်း၏ခန္ဓာကိုယ်ကိုနွေးထွေးစေရန်အတွက် နက်မှောင်သောအရောင်သို့ပြောင်းလဲသွားနိုင်သည်။

https://s9.kh1.co/__image/w=650,h=650,q=100/63/636821633e0db2909f4a8e334c8e9c4e819b5ce1.jpg

သတင်း အရင်းအမြစ် wonderopolis

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T