မအောင်မြင်ခင်ဘဝတုန်းက အနှိမ်ခံခဲ့ရတဲ့အကြောင်းတွေကို ပြန်ပြောခဲ့ကြတဲ့ BTS အဖွဲ့ဝင်တွေ

//s9.kh1.co/a8/a8936541a2743b8a379c1e8d1c477533c022af51.jpg
MPT Korea Celebrity

 ၀၅-အောက်-၂၀၂၃ ၄pm · လွန်ခဲ့သော ၂ နှစ် က

အခုတော့ ကောင်လေးတွေကအအောင်မြင်ဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်နေပြီ

BTS အဖွဲ့ရဲ့ဆယ်နှစ်ပြည့်အမှတ်တရအနေနှင့်ထွက်ရှိလာတဲ့ Beyond the Story; 10 Years Records of BTS ဆိုတဲ့စာအုပ်ဟာ အဖွဲ့ဝင်တွေရဲ့ ဆယ်နှစ်တာဖြတ်သန်းမှုနှင့် အတွေ့အကြုံတွေကိုရေးသားထားတာဖြစ်ပါတယ်။ ဒီစာအုပ်ဟာထွက်ရှိပြီးမကြာခင်မှာပဲ အာရုံစိုက်မှုတွေအများကြီးရပြီး ရေပန်းအစားဆုံးစာအုပ်တစ်အုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/36/365399c99267737eb41cb141ad1a5add2085a83d.webp
https://s9.kh1.co/__image/w=650,h=867,q=100/09/09ea311d2221f5c0e17e61b43a6df944b8ea1253.jpg

စာအုပ်ထဲမှာ အဖွဲ့ဝင်တွေက သူတို့မအောင်မြင်ခင်ကာလတွေက အနှိမ်ခံခဲ့ရတဲ့အကြောင်းတွေကိုပါထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။ BTS အဖွဲ့ဝင် J-Hope က Danger သီချင်းကို ပရိုမိုးရှင်းလုပ်နေချိန်မှာ ရှိုးတွေမှာသူတို့ကြိုးကြိုးစားစားလုပ်နေခဲ့ပေမဲ့ ဆုရမယ့်ဆန်ကာတင်စာရင်းမှာတောင်မပါခဲ့ကြောင်း ဖော်ပြလာတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=315,q=100/14/149e48eaf34bf4706f95b2727a92572b36f66ea9.webp
https://s9.kh1.co/__image/w=650,h=325,q=100/ec/ecfbc9c6b0765ccdd3811e464cad244635d6a651.webp
https://s9.kh1.co/__image/w=650,h=342,q=100/e4/e45d1760ee4645fc1c1c0903790bb738a9e239df.jpg

V ကလည်း အဲ့ဒီအချိန်တုန်းက သူတို့အနေနှင့် တစ်ခြားအဖွဲ့တွေကို လိုက်ပြီးနှုတ်ဆက်တာလုပ်လေ့ရှိပေမဲ့ သူတို့ကိုဥပေက္ခာပြုထားပြီး မမြင်ချင်ယောင်ဆောင်ကြတဲ့သူတွေအများကြီးရှိကြောင်းပါပြောပြလာခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ BTS အဖွဲ့ရဲ့ခက်ခဲခဲ့တဲ့အတိတ်ကိုသိရပြီးနောက်မှာ သူတို့ရဲ့အခုရနေတဲ့အောင်မြင်မှုကိုပိုချီးကျူးခဲ့ကြသလို ပိုပြီးလည်းလေးစားမိကြောင်းတွေပြောခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/4c/4c66d02c8a2a594b9b24580dcd41d78e1f3e078a.jpeg
https://s9.kh1.co/__image/w=602,h=645,q=100/f5/f56eac0dd5f6ed51825db0c4fdcf0a9c2513f89d.jpg

 #BTS #10thAnniversary #BeyondtheStory;10YearsRecordsofBTS

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T