အပြင်းစားဆူနာမီ တိုက်ခတ်မှုများ

//s9.kh1.co/75/7552f66fa0ac2f5daf01c5963f037d89d12087de.jpg
MPT

 ၀၇-အောက်-၂၀၂၃ ၇am · လွန်ခဲ့သော ၂ နှစ် က

သမိုင်းတင်ရလောက်တဲ့ထိ ပြင်းထန်ခဲ့သောဆူနာမီ မုန်တိုင်းများ

The Indian Ocean Tsunami in 2004

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် မနက်တွင် ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိ ရေအောက်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့သည်။ ပေ 100 ကျော်အထိ လှိုင်းအချို့ လွှမ်းမိုးခဲ့သည့် ဆူနာမီကြောင့် သေဆုံးသူ 230,000 ကျော်နဲ့ စံချိန်တင် သေဆုံးမှု အများဆုံး ဖြစ်ခဲ့ရသည်။ ဆူနာမီကြောင့် ရွာများ၊ အပန်းဖြေစခန်းများ၊ လယ်မြေများနှင့် ငါးဖမ်းကွင်းများ ပျက်စီးသွားသဖြင့် လူပေါင်း သိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ရေရှည်ပတ်ဝန်းကျင် ပျက်စီးမှုများလည်း ရှိခဲ့သည်။ ၎င်းဆူနာမီမတိုက်ခတ်ခင်တွင် မည်သည့်ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ခဲ့သည့်အတွက် ယခုအခါတွင် ဆူနာမီ၏သ‌ဘောတရားနှင့် လက္ခဏာရပ်များကိုပညာရှင်များက သတိထားစောင့်ကြည့်လျက်ရှိသည်။ 

Tsunami in 2004
Tsunami in 2004

The Sunda Strait Tsunami in 2018

ဆူဒရာရေလက်ကြားဆူနာမီသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်ကအင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ယင်းအရှေ့တွင် နှစ်ကြိမ်တိုင်တိုင် ပြင်းထန်သောဆူနာမီနှင့်ကြုံတွေ့ဖူးသော်လည်း တတိယကြိမ်မြောက်အထိပင် မည်သည့်ကြိုတင်ပြင်ဆင်မှုနှင့် သတိပေးချက်မရှိခဲ့ပါ။ လူပေါင်း ၃၇၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီသော ပျောက်ဆုံးမှုများနှင့် လူပေါင်း ၂၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ 

Sunda Strait Tsunami in 2018
Sunda Strait Tsunami in 2018

The Tohoku Earthquake and Tsunami in 2011

ဂျပန်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သော မတ်လ ၁၁ ရက်၊ ၂၀၁၁ ခုနှစ်တိုဟိုကူဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ဆူနာမီဖြစ်သည်။ ၎င်းငလျင်သည် ပြင်းအား ၉ ဒသမ ၀ ရှိပြီးလှိုင်းလုံးများ ဆက်တိုက်ဖြစ်ပေါ်ကာ အမြင့် ၁၃၂ ပေအထိ မြင့်တက်ခဲ့သည်။ ဒီဘေးအန္တရာယ်ကြောင့် လူပေါင်း 15,500 ကျော် သေဆုံးခဲ့ပြီး လူ 450,000 ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဆူနာမီကြောင့် ဖူကူရှီးမား ဒိုင်အိချိ ဓာတ်အားပေးစက်ရုံတွင် အဆင့် ၇ နျူကလီးယား အရည်ပျော်ကျကာ ရေဒီယိုသတ္တိကြွ ပစ္စည်းများ လွှတ်တင်ခြင်းကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ နျူကလီးယားအရေးပေါ်အခြေအနေကြောင့် လူပေါင်း ၂၇၀,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ထိ ဆူနာမီနောက်ဆက်တွဲသည် ပြင်းထန်ခဲ့သည်။ 

 Tohoku Earthquake and Tsunami in 2011
 Tohoku Earthquake and Tsunami in 2011

သတင်း အရင်းအမြစ် borgenproject

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T