ဓူဝံကြယ်တွေဘာလို့ မြောက်ဘက်မှာရှိနေတာလဲ

//s9.kh1.co/d0/d0372d2e203aa6c6fc3daf901d272987c2d20985.jpg
MPT

 ၀၅-အောက်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

တစ်ကယ်ပဲ ‌ဓူဝံကြယ်တွေက အမြဲတမ်းမြောက်ဘက်အရပ်မှာရှိနေတာလား

မြောက်ကြယ် ဒါမှမဟုတ် ဓူဝံကြယ်လို့အများသိထားတဲ့ ကြယ်တစ်မျိုးက အမြဲတမ်းမြောက်ဘက်မှာပဲရှိနေပါတယ်။ အာကာသထဲမှာ ကမ္ဘာနဲ့အတူ အရာအားလုံးကလည်ပတ်နေပေမယ့် ဓူဝံကြယ်ကတော့ မြောက်အရပ်မှာပဲ အမြဲရှိနေတာ ဘာကြောင့်လဲ ?

https://s9.kh1.co/__image/w=650,h=362,q=100/c3/c3f82f322f1eb0b7123204e89afb349a1bfec48e.jpg

ကမ္ဘာလုံးက၀င်ရိုးပေါ်မှာ လှည့်ပတ်မှုတစ်ခုပြီးမြောက်ဖို့ အချိန် ၂၄ နာရီယူရတယ်။ ဒီလိုလည်နေတုန်းမှာ ကောင်းကင်က ကြယ်တွေကလဲ အရှေ့ကနေ အနောက်ကိုရွေ့လျားနေကြတယ်။ ဓူဝံကြယ်က ကမ္ဘာ့၀င်ရိုးစွန်းမြောက်ဘက်နဲ့ အတော်လေးနီးပြီး ညဘက်မှာ ဓူဝံကြယ်ကိုမော့ကြည့်မယ်ဆိုရင် တိကျတဲ့မြောက်အရပ်ကိုညွှန်‌ပြနေတာက ဓူဝံကြယ်ပဲရှိပါတယ်။ဓူဝံကြယ်က ကြယ်တစ်လုံးထဲမဟုတ်ပဲ အခြားကြယ်တွေနဲ့စုပေါင်းထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/78/78176e10da831a25aef327c9415585a5fc801a29.jpg

ဓူဝံကြယ်‌ပုံသေဖြစ်နေတယ်ဆိုတဲ့အချက် နှစ်ချက်ကတော့

1) - ကမ္ဘာမြေနဲ့အလွန်နီးတဲ့ မြောက်၀င်ရိုးမှာရှိနေခြင်း။

2) - တောင်နဲ့မြောက်ပထဝီ၀င်ရိုးကိုဖြတ်တဲ့ အမှတ်နည်းလေလေ ဓူဝံကြယ် ရွေ့လျားမှုကို လျော့နည်းလေပဲဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာတစ်ခုပြောရရင် လက်ချောင်းလေးပေါ်မှာ ဘောလုံးကိုတင်လှည့်တဲ့ သဘောတရားနဲ့တူပါတယ်။ ကမ္ဘာမြေဘောလုံးက လည်နေပေမယ့် ဓူဝံကြယ်လက်ညှိုးကတော့ ပုံသေအတိုင်းပဲဖြစ်နေမယ်ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/c2/c21ee45f186c66eb143b60fa5786597b0b2c51c0.jpg

ဓူဝံကြယ်က မြောက်ဘက် 0.736 ဒီဂရီအကွာမှာတည်ရှိနေပြီး သူ့ရဲ့လည်ပတ်မှုကအကွေ့အကောက်အရမ်းသေးငယ်တယ်။ ဒါကြောင့် ဓူဝံကြယ်လည်နေတာကို လူတွေမမြင်နိုင်ပဲ အမြဲတမ်းမြောက်ဘက်မှာပဲတွေ့ရပါလိမ့်မယ်။ ကမ္ဘာကြီးကလုံးနေတာမှန်ပေမယ့် ချောမွေ့နေတဲ့ မျက်နှာပြင်တော့ မရှိပါဘူး။ အီကွေတာမှာဖောင်းနေတာကြောင့် ကမ္ဘာရဲ့ ဆွဲငင်အားကလဲ တစ်နေရာနဲ့တစ်နေရာ မတူညီကြဘူး။ နောင်လာမယ့် နှစ်ပေါင်း 3000 လောက်ရောက်ရင်တော့ Gamma Cephei လို့ခေါ်‌တဲ့ ကြယ်တံခွန်က ကမ္ဘာရဲ့လည်ပတ်၀င်ရိုးနဲ့ အတော်လေးနီးကပ်လာမှာဖြစ်ပြီး ဓူဝံကြယ်နေရာမှာ အစားထိုးမယ့် မြောက်ဘက်လမ်းပြကြယ်ဖြစ်လာတော့မယ်ဆိုတဲ့အကြောင်းကိုလဲ ပညာရှင်တွေက ပြောထားပါသေးတယ် ။

https://s9.kh1.co/__image/w=650,h=366,q=100/ca/cadec2c4f4557e6e805bd332f04a2bc2d78852f3.jpg

ဒီဇင်ဘာလမှာ ၀င်ရိုးနဲ့ အရမ်းနီးကပ်ပြီး သိသိသာသာမြင်ရတဲ့ဓူဝံကြယ်က အခြားလတွေမှာ မြင်ရဖို့ ခက်နေတာက ရွေ့လျားနေလို့မဟုတ်ပဲ ကမ္ဘာရဲ့လည်ပတ်မှုနဲ့ ဆွဲအားမတူညီမှုတွေကြောင့် ဓူဝံကြယ်ကို အစက်အပြောက်အဖြစ်နဲ့ပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။

သတင်း အရင်းအမြစ် stelvision

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T