နွားတွေဘာလို့မြက်စားတာလဲ

//s9.kh1.co/1e/1eb73dc0df2a684032826e5870e9ef186ca1a795.jpg
MPT

 ၀၅-အောက်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

မြက်စားနွားများ၏ နို့သည် လူသားများအတွက်များစွာအထောက်အကူပြုနေ

နွားလို့ပြောလိုက်ရင် လယ်ယာစိုက်ပျိုးရေးအတွက်အသုံးပြုတဲ့ တိရိစ္ဆာန်ပဲဖြစ်ပါတယ်။ ဘာလို့နွားတွေက မြက်စားကြတာလဲ ။မြက်ပင်ကနေဘယ်လိုမျိုး ကောင်းကျိုးတွေရရှိနေလဲဆိုတာကို ပညာရှင်တွေက သုတေသနပြုထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e1/e112c2266cb0ef005713b067d137fdcd7c4adee0.jpeg

အဓိကအစားအစာက မြက်ဖြစ်ပြီးတော့ ဒီလိုအပင်တွေက နွားတွေအတွက် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ နွားတွေက စားမြုံ့ပြန်နိုင်တဲ့ တိရစ္ဆာန်တွေဖြစ်ပြီး အစာအိမ် ၄ ခုပါရှိပါတယ်။ မြက်လိုအပင်မျိုးက ကာဗိုဟိုက်ဒရိုက်၊ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေပါ၀င်လို့ နွားတွေအတွက် အတော်အထောက်ကူပြုတဲ့ အပင်ပါ။

https://s9.kh1.co/__image/w=650,h=434,q=100/45/457c896df1924525bed05e7bb56fe9dd4e2f6a83.jpg

မြက်ပင်တွေက ဒေသတိုင်းမှာ ရှင်သန်ကြပြီး လုံလုံလောက်လောက်ရရှိနိုင်တဲ့ အရင်းမြစ်တစ်ခုဖြစ်ပါတယ်။ စရိတ်လဲ သက်သာပြီး သဘာ၀အတိုင်း ကျက်စားနိုင်တာမို့ စိုက်ပျိုးရေးလုပ်သူတွေအတွက်လဲ အဆင်ပြေစေပါတယ်။မြက်ပင်က နွားတွေအတွက် အဓိကအစားအစာဆိုပေမယ့် အာဟာရလိုအပ်ချက်ပေါ်မူတည်ပြီးတော့ အခြားအစားအစာတွေ၊ မြက်ခြောက်နဲ့ ဖြည့်စွက်စာတွေကိုလဲ ကျွေးကြပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/0b/0b2714a066ace0b3d8877d1ec1f91cebc37b1c10.jpg

မြက်စားနွားတွေမှရရှိတဲ့ နွားနို့ဟာ ကယ်ဆီယမ်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ပရိုတိန်း၊ ဗီတာမင် အစရှိတဲ့ အစွမ်းထက်အာဟာရတွေပါ၀င်ပါတယ်။ လူသားများအတွက် နွားနို့ဟာ အရိုးကျန်းမာရေးကောင်းမွန်စေပါတယ်။ ဒါကြောင့် နယူးဇီလန်နိုင်ငံမှာဆိုရင် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် နွားများကိုလွတ်လပ်စွာ ကျက်စားခွင့်ပြုထားပါတယ်။ နွားတွေအတွက်လဲ မြက်က အစာချေစနစ်ကို အမှန်တစ်ကယ်အထောက်အကူပြုတဲ့ အစွမ်းထက် အပင်တစ်မျိုးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/fe/fedf0cbd21346f3ba3c0620e6f504938bff9f771.jpg

သတင်း အရင်းအမြစ် thedairyalliance

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T