1) ဘောလုံးလျှပ်စီး
2012 ခုနှစ် မိုးကြိုးမုန်တိုင်းအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ ဘောလုံးပုံစံလျှပ်စီးကို တရုတ်သုတေသန ပညာရှင်အဖွဲ့က မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ အဝေးကကြည့်ရင်အပြာရောင်ဟုပြောနိုင်ပေမယ့် အနီးကပ်ကြည့်မှ အပြာ၊ လိမ္မော်၊ အဝါရောင်တို့ရောယှက်နေတာကို သတိပြုမိနိုင်မှာပါ။ ဘောလုံးလျှပ်စီးပုံစံတူ ပြုလုပ်စမ်းသပ်ကြပေမယ့် သဘာ၀တရားကပြသခဲ့တဲ့ ဘောလုံးလျှပ်စီးကတော့ ဘယ်လိုအရာတွေပေါင်းစပ်နေလဲဆိုတာ ပညာရှင်တွေအတွက် ဆန်းကြယ်နေဆဲဖြစ်ပါတယ်။

2) အရောင်ငါးမျိုးရှိသော မြစ်
ကိုလမ်ဘီယာ အမျိုးသားဥယျာဉ်အနီး Andes, Llanos plains နှင့် Amazon တစ်လျှောက် မိုင်ပေါင်း 60 ရှည်လျားတဲ့ မြစ်၊ ချောင်းနှင့်ရေတံခွန်တွေက ခရမ်းရောင်၊ ပန်းရောင်၊ အဝါရောင်၊ fuchsia နှင့်အစိမ်းရောင်များ ပေါင်းစုံနေကြပါတယ်။ မြစ်တစ်လျှောက် Macarenia Clavigera လို့ခေါ်တဲ့ရေညှိပင်တွေနဲ့ အမြဲပြည့်နှက်နေလေ့ရှိတယ်။ နှစ်၀က်လောက်အထိ စိမ်းညိုညို အရောင်ရှိပေမယ့် ဇွန်လကနေ နို၀င်ဘာလအတွင်းမှာတော့ အရောင်ငါးမျိုးစုံစုံလင်လင် ပြောင်းလဲနိုင်တဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။

3) "C" ပုံသဏ္ဍာန်ရှိသော ထင်းရှူးပင်များ
ပိုလန်နိုင်ငံအနောက်ဘက်ခြမ်း Gryfino မြို့အနီးရှိ ထင်းရှူးပင်တွေရဲ့အောက်ခြေက ဖြောင့်တန်းခြင်းမရှိပဲ "C" ပုံစံ သုံးပေမှ ကိုးပေကြား ကွေးညွတ်နေကြပါတယ်။ ဒီလိုဖြစ်နေတာက တစ်ပင်ထဲမဟုတ်ပဲ အပင်ပေါင်း ၄၀၀ နီးပါးက ပုံစံတူ ကောက်ကွေးနေကြတာပါ။ လူလုပ်ထားခြင်းမရှိတဲ့ သဘာ၀ထဲမှ ထူးခြားဆန်းပြားသော အရာများပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ worldatlas