BTS အဖွဲ့ဝင် Suga ဟာမကြာခင်မှာ လူမှုဝန်ထမ်းအဖြစ်စစ်မှုထမ်းဆောင်တော့မှာဖြစ်ပါတယ်။ ၂၁ လကျော်ကြာမြင့်မယ့်စစ်မှုထမ်းဆောင်ခြင်းဟာ ပရိတ်သတ်တွေနှင့် Suga ကို ၂၀၂၅ မှပြန်ဆုံတွေ့စေနိုင်မှာပါ။ Suga ကိုယ်တိုင်ကလည်း ဒီလိုခွဲခွာရတာကိုဝမ်းမနည်းဖို့ပရိတ်သတ်တွေကိုပြောထားပါတယ်။


ဒါပေမဲ့ Suga ရဲ့စစ်မှုထမ်းဆောင်တဲ့ကြေညာချက်အောက်က ပရိတ်သတ်တစ်ယောက်ရဲ့မှတ်ချက်ဟာ ဝမ်းနည်းစရာကောင်းလွန်းနေတာကြောင့် ပရိတ်သတ်တွေကြားမှာနာမည်ကြီးနေပါတယ်။ နိုင်ငံခြား Army ဖြစ်ပုံပေါ်တဲ့သူဟာ ကင်ဆာရောဂါခံစားနေရတာကြောင့် Suga စစ်မှုထမ်းဆောင်ပြီးချိန်ထိအသက်ရှင်နေဖို့မသေချာကြောင်း တစ်ကယ်လို့မတွေ့ဖြစ်ခဲ့ရင် နောက်ဘဝမှာလည်း Suga ကိုပဲထပ်ပြီးသဘောကျမယ့်အကြောင်း ရေးထားတာဖြစ်ပါတယ်။


နောက်ဘဝကျရင်တော့ ပိုပြီးမြန်မြန်တွေ့ပြီးအချိန်အကြာကြီးအတူရှိချင်ကြောင်းကိုပါ ရေးထားတာဖြစ်ပါတယ်။ ဒီမှတ်ချက်ဟာ ပရိတ်သတ်တွေအများကြီးကိုဝမ်းနည်းစေခဲ့ပြီး အဲ့ဒီ့ Army လေးကို Suga နှင့်ပြန်တွေ့တဲ့အထိကျန်းကျန်းမာမာရှိနေဖို့ဆုတောင်းပေးခဲ့ကြပါတယ်။


#Myanmarload #Suga #BTS #MilitaryService





