ကမ္ဘာပေါ်ရှိ မြွေများထဲတွင် အဆိပ်အပြင်းဆုံးမြွေဖြစ်သည်။ ရန်သူနှင့်ထိပ်တိုက်တွေ့ဆုံလျှင် ၎င်းတို့၏ခန္ဓာကိုယ်သည် သုံးပုံတစ်ပုံခန့်ထိ ခုန်ပျံနိုင်သည်။ မြွေဟောက်ဘုရင်များသည် အရှည် ၁၈ ပေအထိရှည်ကြပြီးအဆိပ်ရှိမြွေအမျိုးအစားထဲတွင် အရှည်ဆုံးဖြစ်သည်။

မြွေမျိုးစိတ်အချင်းချင်းပြန်လည်အမဲလိုက်စားသောက်တတ်ကြပြီး အိမ်မြှောင်များ၊ ဥများနှင့်နို့တိုက်သတ္တဝါငယ်တို့ကိုလဲ စားသောက်တတ်ကြသည်။ ကံကောင်းထောက်မစွာဖြင့် မြွေဟောက်များသည် ရှက်တတ်ကြပြီး အတတ်နိုင်ဆုံးလူသားများကို ရှောင်တတ်ကြသည်။

မြွေဟောက်များ၏ မျိုးပွားချိန်သည် ဒေသအလိုက်ကွဲပြားသည်။ အချို့နေရာများတွင် နှစ်စဉ် January မှ April လအထိဖြစ်သည်။ မြွေဟောက်များ ဥ ဥချိန်တွင် မြွေထီးများသည် အနီးအနားတွင်စောင့်ရှောက်သည်။ တစ်ကြိမ်လျှင် ဥ အရေအတွက်ပေါင်း 20 မှ 50 ထိ ဥနိုင်သည်။

1935 ခုနစ်မှစတင်၍ 2010 ခုနှစ်တွေအထိ မြွေဟောက်အကောင်ရေ 30% ရာခိုင်နှုန်း ကျဆင်းသွားပြီး သစ်တောပြုန်းတီးမှုများကြောင့် နေရပ်ဒေသဆုံးရှုံးမှုများကိုလဲ ရင်ဆိုင်နေကြရသည်။
သတင်း အရင်းအမြစ်៖ wikipedia.org