အသန်မာဆုံး လင်းယုန်များ

//s9.kh1.co/08/08d0d3442777cb2d1f20cf43bcfd337be7968b91.jpg
MPT

 ၀၂-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သဘာဝထဲမှ မုဆိုးများ

(၁) Marital Eagles

အာဖရိကတိုက်အပြင် ကမ္ဘာပေါ်တွင်အကြီးဆုံးဟုသတ်မှတ်ထားသော လင်းယုန်အမျိုးအစားဖြစ်သည်။ အင်အားအကြီးဆုံးအဖြစ် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး လူသားတစ်ယောက်၏လက်ကိုပင်အလွယ်တစ်ကူချိုးနိုင်သည်ထိ ခွန်အားကြီးသည်။ ရက်စက်ကြမ်းကြုတ်သောမုဆိုးဖြစ်ပြီး အဆိပ်ရှိမြွေများ၊ မြေခွေးနှင့် ၎င်း၏ခန္ဓာကိုယ်ထက် နှစ်ဆခန့်ကြီးသော တောကြောင်များကိုပင် အမဲလိုက်နိုင်စွမ်းရှိသည်။ လင်းယုန်၏အမြင်အာရုံအားကောင်းမှုသည် သားကောင်အား ၃ မိုင်အကွာမှပင် မြင်တွေ့နိုင်သည်။

 Marital Eagles
 Marital Eagles

(၂) White-tailed Eagles

အမြှီးအဖြူရောင်ရှိသော လင်းယုန်များသည် ဂျာမဏီနိုင်ငံ၏ အမျိုးသားဌက်ဖြစ်သည်။ ဥရောပတိုက်တွင် အများဆုံးတွေ့ရှိရပြီး ဂရင်းလန်းမှ ဂျပန်နိုင်ငံထိ ပျံသန်းနိုင်သော ဌက်မျိုးစိတ်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်သည် လင်းယုန်များထဲတွင် အလေးဆုံးဖြစ်ပြီး ရှည်လျားချွန်ထက်သောခြေတံများက ငါးများကိုစားသောက်ရန်လွယ်ကူစေသည်။ ၂.၆ လက်မရှိသောနှုတ်သီးများက အမဲလိုက်ရန်အတွက် အကောင်းဆုံးလက်နက်ဖြစ်သည်။

White-tailed Eagles
White-tailed Eagles

(၃) Crowned Eagles

အာဖရိကအောက်ပိုင်း ဆာဟာရတွင် တွေ့ရသော သရဖူဆောင်း လင်းယုန်ဖြစ်သည်။ Duikers, Hyraxes နှင့် မျောက်ကဲ့သို့နို့တိုက်သတ္တဝါများကို အမဲလိုက်စားသောက်ကြသည်။ အိမ်နီးချင်းလင်းယုန်များကဲ့သို့ အရွယ်အစားမကြီးမားသော်လည်း သန်မာသောခြေထောက်များနှင့် ကြီးမားသောလက်တံကြီးများကြောင့် အာဖရိကတိုက်၏ အသန်မာဆုံး လင်းယုန်ငှက်ဖြစ်သည်။ အတောင်များမှာ တိုတောင်း၍ သစ်ပင်များကြားအလွယ်တစ်ကူပျံသန်းနိုင်သည်။ အသံတိတ်အမဲလိုက်မှုများကြောင့် " ကောင်းကင်ယံကျားသစ်" ဟုတင်စားခေါ်ဆိုကြသည်။ 

Crowned Eagles
Crowned Eagles

သတင်း အရင်းအမြစ် wildexplained

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T