ကမ္ဘာမြေပေါ်မှ ဆွဲငင်အားမရှိသောနေရာများ

//s9.kh1.co/b1/b1bec79a526dd0dfdc61472efc95f103282f3717.jpg
MPT

 ၀၂-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရူပဗေဒပညာရပ်နှင့်ဆန့်ကျင်နေသော ‌အံ့ဖွယ်များ

(၁) Naneghat Reverse Waterfall, India

လူသိနည်းသော အိန္ဒိယအနောက်ဘက်ခြမ်း Naneghat အမည်ရှိရွာတွင် တောင်နှစ်လုံးကြားမှရေများသည် အပေါ်ဘက်ကိုပြန်လည်စီးဆင်းနေကြသည်။ ၎င်းသည် ကမ္ဘာ့ဆွဲငင်အားကိုဆန့်ကျင်ခြင်း သို့မဟုတ် ပြင်းထန်သောလေပြင်းများကြောင့် ရေများနောက်ပြန်စီးစေနိုင်သော နေရာဖြစ်သည်။ ကယ်လီဖိုးနီးယားတွင်လဲ ထိုကဲ့သို့ပုံစံတူ နောက်ပြန်စီးဆင်းသည့် ရေတံခွန်ရှိသည်။ 

 Naneghat Reverse Waterfall, India
 Naneghat Reverse Waterfall, India

(၂) The Oregon Vortex

အမေရိကန်ပြည်ထောင်စု Gold Hill တွင်တည်ရှိပြီး လျှို့ဝှက်ဆန်းကြယ်သောနေရာဖြစ်သည်။ ခရီးသွားလေ့လာသူအလွန်များပြားပြီး ပုံမှန်လဲလျောင်းခြင်းများမပြုလုပ်နိုင်ပဲ အာကာသထဲတွင်ရောက်နေသကဲ့သို့ ခံစားရမည်ဖြစ်သည်။ ရေနှင့်ဘောလုံးများသည် မြေကြီးနှင့်ဆန့်ကျင်ရာဘက်သို့သာ ဦးတည် မြောက်တက်ကြသည်။

 The Oregon Vortex
 The Oregon Vortex

(၃) The Mysterious Road In South Korea

တောင်ကိုရီးယားနိုင်ငံ၏ ကားလမ်းမတစ်ခု၌ မော်တော်ယာဉ်များသည် ကုန်းအတက်တွင် မည်သည့်စက်ကိရိယာများနှိပ်စရာမလိုပဲ အလိုလိုတောင်ကုန်းပေါ်သို့ ဆွဲတင်ခြင်းကိုခံစားရမည်ဖြစ်သည်။ ၎င်းသည် ကမ္ဘာဆွဲငင်မှုကို ဆန့်ကျင်နေသော လက္ခဏာဖြစ်သည်။

The Mysterious Road In South Korea
The Mysterious Road In South Korea

သတင်း အရင်းအမြစ် thetravel

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T