နှစ်ရာချီတည်ရှိနေသော အမွေအနှစ်များ ရှာဖွေတွေ့ရှိမှု

//s9.kh1.co/f3/f33c53807a0c260c66645e813f5ba1231fe9e23b.jpg
MPT

 ၀၂-အောက်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ရှေးဟောင်းအမွေအနှစ်များ၏ ထူးခြားဆန်းကျယ်မှု

(၁) Lion-man

ကမ္ဘာ့ရှေးအကျဆုံးရုပ်ထုဖြစ်ပြီး နှစ်ပေါင်း ၃၅,၀၀၀ နှင့် ၄၀,၀၀၀ ကြားရှိသော ခြင်္သေ့ဦးခေါင်း လူသား ပုံသဏ္ဍန် ပြုလုပ်ထားသည်။ ၁၉၃၉ ခုနှစ် Hohlenstain-Stadel လှိုဏ်ဂူတွင် ဘူမိဗေဒပညာရှင် Otto Volzing ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ UIM ပြတိုက်တွင်အနှစ် ၃၀ ကြာထားရှိပြီးနောက် ၁၉၆၂ ခုနှစ်တွင် ရုပ်ပုံအပိုင်းအစများထပ်မံတွေ့ရှိခဲ့သည်။ ထို့ကြောင့် မွမ်းမံပြင်ဆင်မှုများကို ၁၉၈၂ တွင်ပြန်လည်စတင်ခဲ့ပြီး ယခုအခါ လုံး၀ပြီးမြောက်သွားပြီဖြစ်သည်။ ၎င်းကို UIM ပြတိုက်တွင် ဆက်လက်ခင်းကျင်းပြသထားသည်။

lion man
lion man

(၂) Bone Flutes

Gesissenkloesterte လှိုဏ်ဂူအတွင်းမှာတွေ့ရှိခဲ့သော သက်တမ်းအရင့်ဆုံး ပုလွေဖြစ်သည်။ ဌက်အရိုးနှင့်ဆင်စွယ် ပေါင်းစပ်ပြုလုပ်ထားပြီး ဥရောပ၌အစောဆုံး ခေတ်သစ် လူသားများနှင့် ဆက်နွယ်နေသည်ဟု ပညာရှင်များကဆိုသည်။ Aurignacian  ယဉ်ကျေးမှုမှ ဆင်းသက်လာပြီး အပန်းဖြေခြင်း သို့မဟုတ် ဘာသာရေးထုံးတမ်းစဉ်လာအတွက် အသုံးပြုခဲ့ကြသည့် တူရိယာတစ်မျိုးဖြစ်သည်။ 

Bone Flutes
Bone Flutes

(၃) Oldowan Stone Tools

2015 ခုနှစ် သုတေသနစာတမ်းမထုတ်ဝေမီကာလတွင် အီသီယိုးပီးယားနိုင်ငံ Gona ၌ Oldowan အမည်ရှိ ကျောက်ကိရိယာ တစ်မျိုးကို တွေ့ရှိခဲ့သည်။ လွန်ခဲ့သောနှစ်  ၂.၆ သန်းကာလကပင် တည်ရှိခဲ့သောကြောင့် ကမ္ညာ့သက်တမ်းအရင့်ဆုံးကိရိယာဖြစ်သည်။ Gona ၏တောင်ဘက် ၅၅ မိုင်အကွာတွင်တွေ့ရှိခဲ့ပြီး Australopithecus garhi ရှိ တိရစ္ဆာန်များ၏ အရိုးစုဘေးတွင် သားသတ်ကိရိယာလက္ခဏာအဖြစ် မြင်တွေ့ခဲ့ကြသည်။ 

Oldowan Stone Tools
Oldowan Stone Tools

သတင်း အရင်းအမြစ် yoair

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T