ကမ္ဘာ့ကုန်းမြေအဆုံးသတ်နေရာ တစ်ကယ်ရှိလား

//s9.kh1.co/90/9005fa66c3fc7daaa8d4c44f312a5f5515a19f0b.jpg
MPT

 ၀၂-အောက်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ကုန်းမြေတွေဘယ်နေရာမှာ အဆုံးသတ်နေလဲ

ကမ္ဘာကြီးကလုံး၀န်းတယ်ဆိုပေမယ့် ကုန်းမြေရဲ့အဆုံးသတ်ကတော့ တည်ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဓာတ်ပုံတစ်ပုံကြောင့် လူပြောများလာကြပါတယ်။ အင်္ဂလန်နိုင်ငံ  " East Sussex " မှာရှိတဲ့ ချောက်ကမ်းပါးပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=407,q=100/9e/9eda79799e2930729e4d8907c7c8f3e0977ad326.jpg

ပင်လယ်ရေမျက်နှာပြင်အထက် 165 မီတာ 531 ပေမှာတည်ရှိနေပြီး ဗြိတိန်မှာအမြင့်ဆုံးသော တိမ်ပင်လယ်ပဲဖြစ်ပါတယ်။  ။ မျက်စိတစ်ဆုံးမမြင်ရတဲ့ တိမ်နှင့်ပင်လယ်များကိုခံစားကြည့်ရှုနိုင်ပါတယ်။  ချောက်ကမ်းပါးအစွန်းနားထိ လမ်းလျှောက်နိုင်ပြီး စိတ်ဓာတ်ကျလွယ်သူတွေဟာ ဒီနေရာကိုလာပြီး သတ်သေကြတာမျိုးတွေတောင်ရှိပါတယ်။ ဒါကြောင့်အစိုးရက လုံခြုံရေးချထားပေးရပါတယ်။ 

https://s9.kh1.co/__image/w=650,h=435,q=100/2f/2f11b28860da3e5e0bca77b35736f2b501ab2b7b.jpeg

တစ်ကယ်တမ်းတော့ ကမ္ဘာကြီးရဲ့ကုန်းမြေ ဘယ်နေရာမှာအဆုံးသတ်နိုင်တယ်ဆိုတာ အတိအကျပြောလို့မရတဲ့အရာပါ။ မိမိတို့ မျက်စိရှေ့မှာလမ်းခရီးဆုံးပြီး ဘာကိုမှ မမြင်နိုင်တော့တဲ့ နေရာတစ်ခုကို ကမ္ဘာမြေအဆုံးသတ်လို့ သတ်မှတ်ခြင်းဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လက်ခံမှုပဲဖြစ်ပါတယ်။ သိပ်လှတဲ့ တိမ်ပင်လယ်နဲ့ ချောက်ကမ်းပါးတစ်ခုရဲ့အစွန်းမှာ ရပ်နေရတဲ့ စိတ်ခံစားချက်တွေကတော့ သဘာ၀ကို ကျေနပ်ခံစားတတ်သူတွေအတွက် မတူညီတဲ့ ခံစားချက်မျိုးရရှိစေမှာပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=322,q=100/96/9617f2218793b6fd0a857021ad73c611c3bc60fe.jpg

သတင်း အရင်းအမြစ် lonelyplanet

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T