1) The Amazon and Solimoes Rivers
ဒီမြစ် နှစ်စင်းက ဘရာဇီး Manaus မြို့အနီးမှာဆုံစည်းကြတယ်။ သိသာတဲ့အချက်ကတော့ မြစ်နှစ်စင်းရဲ့ အရောင်တွေပါပဲ ။ Amazon မြစ်သည် ရွံ့နွံ့များနဲ့ ပူနွေးတဲ့မြစ်ဖြစ်ပါတယ်။ Solimoes မြစ်ကတော့အင်ဒီးစ်တောင်တန်း တွေကနေစီးဆင်းခဲ့တာမို့ အေးပြီး ကြည်တဲ့အရောင်ရှိပါတယ်။ ရေတွေရဲ့ အပူချိန်၊ အရှိန်နဲ့ အနည်ပါ၀င်မှုတွေကွာခြားတဲ့အတွက် ဒီမြစ်နှစ်စင်းက ကြည့်လိုက်တာနဲ့ ကွဲပြားနေတယ်ဆိုတာ အထူးဆန်းတော့မဟုတ်ပါဘူး။

2) The Black Sea and Azov
ပင်လယ်နက်ကတော့ ရေငန်ဖြစ်ပါတယ်။ Azov ပင်လယ်ကတော့ ဆားဓာတ်ပါ၀င်မှုနည်းပြီး ကမ္ဘာပေါ်မှာ အတိမ်နက်ဆုံး ပင်လယ်ဖြစ်ပါတယ်။ Azov ပင်လယ်ထဲကို မြစ်ရေ၀င်ရောက်မှုက များပြားတဲ့အတွက် ရေအရောင်ကိုထိခိုက်စေတဲ့ ဇီ၀ဒြပ်တွေ ရောနှောနေပါတယ်။ ဒါကြောင့် Azov ပင်လယ်ကနေ မူမမှနိတဲ့ ငါးမျိုးစိတ်တွေကိုလဲ တွေ့ရပါတယ်။ ပင်လယ်နက်နဲ့ Azov ပင်လယ်နှစ်ခုမှာ Azov,ပင်လယ်က ထူးခြားမှုတွေများပြီး ပင်လယ်နေသက်ရှိတွေ မျိုးသုဉ်းမှုအမြန်ဆုံး ပင်လယ်ဖြစ်ပါတယ်။

3) The Gulf of Alaska

Alaska ပင်လယ်ထဲကို မတူညီတဲ့ မြစ်ပေါင်းများစွာကရေတွေ ရောစပ်၀င်လာခြင်းကြောင့် လှိုင်းထန်တာတွေ၊ အပူချိန်မတူတာတွေဖြစ်စေပါတယ်။ အရည်ပျော်လာတဲ့ ရေခဲမြစ်တွေနဲ့ အာဟာရဓာတ်ပြည့်နေတဲ့ ပစိဖိတ်သမုဒ္ဒရာက ဆားငန်ရေတွေဆုံကြတဲ့အခါ အဏ္ဏဝါသက်ရှိတွေအတွက် အရေးကြီးတဲ့ ဂေဟစနစ်ကို အထောက်အကူပြုပါတယ်။ ဒီလိုကွဲထွက်နေတဲ့ပင်လယ်တွေ တစ်နေရာမှာ ပြန်လည်ပေါင်းစည်းနိုင်ဖို့ဆိုရင် ရေချိုနဲ့ပင်လယ်ရေ ၊ ရောစပ်ပေးမယ့်လေထု ၊ ရေစီးကြောင်းနဲ့ လှိုင်းထန်ခြင်း လုပ်ငန်းစဉ်တွေ ဆောင်ရွက်မှ ပေါင်းစပ်နိုင်မှာပဲဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ worldfamousthing





 Bong I.T
 Bong I.T