ကမ္ဘာ နှင့် လ ဘယ်လောက်ကွာဝေးလဲ...?

//s9.kh1.co/66/664ef0e149a40d96e3061021fe14535cd86e7297.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-သြ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကမ္ဘာ နှင့် လ ဘယ်လောက်ကွာဝေးလဲ...?

လ သာတဲ့ ရက်တွေမှာဆိုရင် လ ဟာ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ အတော်လေးကို နီးကပ်တယ်လို့ ထင်ရပါတယ်။ တကယ်တော့ လ ဟာ ကမ္ဘာနဲ့ ပျမ်းမျှအားဖြင့် ၃၈၄,၄၀၀ ကီလိုမီတာ (၂၃၈,၈၅၅ မိုင်) ကွာဝေးပါတယ်။ ဒီအကွာအဝေးဟာ (perigee) မှာ ၃၆၃,၃၀၀ ကီလိုမီတာ (၂၂၅,၆၂၃ မိုင်) နှင့် အဝေးဆုံးအမှတ် ၄၀၅,၅၀၀ ကီလိုမီတာ (၂၅၁,၉၀၂ မိုင်) အကြား ကွဲပြားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=640,h=350,q=100/cd/cd39edce9a079589395b22b4e5c0fd1b6ccf3d6c.jpg
https://s9.kh1.co/__image/w=650,h=488,q=100/dc/dc6ad14b80ffc9c1b42d6a8a6d58ee5a20f94e3e.jpg

ဒါဆို ကမ္ဘာ နှင့် လအကြား အကွာအဝေးကို ဘယ်လိုတိုင်းတာလဲလို့ မေးကောင်းမေးကြမှာပါ။ ကမ္ဘာနှင့် လ အကွာအဝေးကို လအပိုင်းအခြားလို့ခေါ်တဲ့ နည်းလမ်းဖြင့် တိုင်းတာလေ့ရှိပါတယ်။ ဒီအကွာအဝေးကို တိုင်းတာဖို့ဆိုရင် တိကျတဲ့ နည်းလမ်းတစ်ခုကတော့ Apollo မစ်ရှင်ထဲက လရဲ့ မျက်နှာပြင်ပေါ်ရှိ retroreflectors တွေကို လေဆာရောင်ခြည်ဖြင့် တိုင်းတာတာပါ။ အဲ့ဒီ လေဆာရောင်ခြည်ဟာ အာကာသအတွင်း ဖြတ်သွားတဲ့ အလင်းတိုလေးများကို ထုတ်လွှတ်ပေးပါတယ်။ 

https://s9.kh1.co/__image/w=650,h=325,q=100/f4/f4b8d780d1a45759b7da02aa0e75d0a430df44c6.jpg
https://s9.kh1.co/__image/w=650,h=315,q=100/d6/d6aa7a6a19e4dd4549c5cabedcc69ec2933c56b1.jpg

လေဆာရောင်ခြည်ဟာ အဓိကအားဖြင့် လကိုသွားဖို့အတွက် လိုအပ်သည့်အချိန်ကို ဂရုတစိုက်တိုင်းတာပြီး ကမ္ဘာမြေပေါ်ကို ပြန်တက်လာပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ ကိန်းသေတန်ဖိုးဖြစ်တာာကြောင့် အဲ့လိုအချိန်တိုင်းတာမှုမှာ မယုံနိုင်လောက်အောင် တိကျပါတယ်။ ဒါပေမယ့် လရဲ့ ပတ်လမ်းကြောင်းဟာ စက်ဝိုင်းပုံစံအတိုင်း လှည့်ပတ်တာမဟုတ်ဘဲ ဘဲဥပုံလမ်းကြောင်းအတိုင်း ရွေ့လျားနေတာကြောင့် ကမ္ဘာနှင့် လ အကွာအဝေးဟာ ကွဲပြားနိုင်ပါတယ်။ 

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T