ရွှေဝါရောင်ပန်းပွင့်တွေနှင့် လှလှပပဖူးပွင့်လေ့ရှိတဲ့ ဆိုတဲ့အပင်တွေဟာ ရေအောက်မှာကြောက်စရာကောင်းတဲ့ အလေ့အထရှိတဲ့ အသားစားအပင်တွေဖြစ်ပါတယ်။ ဒီအပင်တွေဟာ ရေကန်နှင့် မြောင်းတွေမှာ ကျက်စားကြတဲ့ ပိုးမွှားနှင့်အင်းဆက်တွေကိုဖမ်းယူစားသုံးပေးပြီး အသားစားအပင်တွေထဲမှာ အဆင့်အမြင့်ဆုံးထောင်ချောက်ရှိတယ်လို့ယူဆနိုင်တဲ့အပင်တွေဖြစ်ပါတယ်။


Bladderwort ဟာ ရေကန်မျက်နှာပြင်ပေါ်မှာတော့ ရွှေဝါရောင်အပွင့်တွေနှင့်လှပနေပေမဲ့ ရေအောက်မှာတော့ ဆီးအိမ် (Bladder) လို့ခေါ်တဲ့ ထောင်ချောက်အိမ်တွေရှိပါတယ်။ သူ့ရဲ့ပင်စည်ကရှည်လျားတာကြောင့် ဒီလိုထောင်ချောက်တွေအများကြီးရှိတဲ့အပြင် အကြည်ရောင်ဖြစ်နေတာကြောင့် ရေနှင့်တစ်ထပ်တည်းလိုဖြစ်ပြီး သားကောင်တွေကအလွယ်တကူမမြင်နိုင်ပါဘူး။


တစ်ကယ်လို့ Bladderwort ပင်ရဲ့အနီးအနားကိုသားကောင်ရောက်သွားတယ်ဆိုရင် Bladder တွေဟာပွင့်လာပြီး သားကောင်ကိုထောင်ချောက်ထဲကိုချက်ချင်းဆွဲသွင်းသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ဆောင်မှုဟာအသားစားအပင်တွေထဲမှာတော့ အလျင်မြန်ဆုံးပဲဖြစ်ပါတယ်။ ပြီးတော့ ဒီသားကောင်တွေကိုအစာချေဖို့ကလည်း မိနစ်ပိုင်းလောက်ပဲကြာမြင့်တာဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ www.bladderwort.com