အမေရိကနှင့် အင်္ဂလန်ပြတိုက်တွေမှာစုဆောင်းထားတဲ့ Cayman ကျွန်းပေါ်ကရုပ်ကြွင်းတွေကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒီရုပ်ကြွင်းတွေထဲမှာ မျိုးသုဥ်းနို့တိုက်သတ္တဝါမျိုးစိတ်အသစ်သုံးခုပါကြောင်းပြောကြားခဲ့ပါတယ်။ လေ့လာမှုတွေအရ ဒီရုပ်ကြွင်းတွေဟာ မိကျောင်းတစ်ကောင်ရဲ့သတ်ဖြတ်စားသောက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။


ဒီကျွန်းစုပေါ်ကစုဆောင်းထားတဲ့ရုပ်ကြွင်းတွေအရ ဒီအကောင်တွေဟာ ကြွက်မျိုးနွယ်ဝင်အကောင်တွေနှင့်ဆင်တူကြောင်းသိရပါတယ်။ သူတို့ဟာ ၁၇၀၀ လောက်တုန်းက ဥရောပဖက်ကကျုးကျော်မျိုးစိတ်တွေဝင်ရောက်လာမှုကြောင့်မျိုးသုဥ်းသွားတာဖြစ်မယ်လို့ယူဆထားကြပါတယ်။


ဒီမျိုးစိတ်ငယ်တွေဟာ အခုရုပ်ကြွင်းတွေကိုရှာမတွေ့ခင်အထိတည်ရှိနေကြောင်းသဲလွန်စတစ်ခုတောင်မှတွေ့ခဲ့ရတာမဟုတ်ပါဘူး။ အရိုးစုတွေရဲ့ပုံစံနှင့်အနီးစပ်ဆုံးတူညီတဲ့ ကြွက်မျိုးနွယ်ဝင်တွေဟာ Cayman ကျွန်းပေါ်ကမဟုတ်ဘဲ ၂၅၀ ကီလိုမီတာဝေးတဲ့ကျူးဘား မှာပဲရှိနေတာဖြစ်ပါတယ်။ ဒီမျိုးသုဥ်းသတ္တဝါတွေအနေနှင့် ရေမြေတွေခြားနေတဲ့ ဒီကျွန်းပေါ်ကိုဘယ်လိုရောက်လာပြီး မိကျောင်းအစာဖြစ်ခဲ့သလဲဆိုတာကိုတော့ အခုချိန်ထိမသိရသေးပါဘူး။

သတင်း အရင်းအမြစ်៖ www.discoverwildlife.com