ဆောင်းဦးမှာ အတွေ့ရများတတ်တဲ့ မှိုတွေအဝိုင်းပုံစံလှည့်ပြီး ပေါက်ကြတာကို နတ်သမီးလက်စွပ်လို့ခေါ် လေ့ရှိပါတယ်။ ဒီအဝိုင်းကို ရှေးတုန်းက နတ်သမီးလေးတွေညဖက်မှာဆော့ကစားကြတဲ့နေရာလို့ ယူဆခဲ့ကြဖူးပါတယ်။


ဒီလိုနတ်သမီးလက်စွပ်ကိုမှိုတော်တော် များများပေါက်လေ့ရှိပေမဲ့ အများစုကတော့ Marasmius oreades လို့ခေါ် တဲ့မှိုကိုတော့ အများဆုံးတွေ့ရပါတယ်။ ဒီလိုလက်စွပ်ပုံအဝိုင်းဖြစ်လာရတဲ့ အကြောင်းရင်းကတော့ မှိုတွေဟာ mycelium လို့ခေါ် တဲ့ မှိုရဲ့ကိုယ်ထည်အပိုင်းကိုမြေကြီးအောက်မှာပဲထားရင်း မြေကြီးပေါ် မှာတော့ အဝိုင်းပုံစံလိုဖြစ်ပြီး ကြီးထွားလာတာဖြစ်ပါတယ်။

မြေပေါ် ထွက်လာတဲ့မှိုတွေကနေဆက်ပြီးအဝိုင်းပုံဖြစ်သွားရင်း နတ်သမီးလက်စွပ်လို့ခေါကြတဲ့အရာဖြစ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုနတ်သမီးလက်စွပ်တွေဟာ ရာသီဥတုစိုစွတ်ပြီး အာဟာရပြည့်ဝတဲ့မြေပေါ် မှာပဲပေါက်ရောက်ဖြစ်ပေါ် လေ့ရှိတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ www.discoverwildlife.com