ကမ္ဘာပေါ်မှာရှိတဲ့ အရာတော်တော်များများဟာလေထုရဲ့လှိူင်းအလျားထဲက အရောင်တွေနှင့် ရောင်ခြယ်ပစ္စည်းတွေရှိတာကြောင့် အရောင်မျိုးစုံရှိကြပါတယ်။ ရေမှော်လိုမျိုး ရေအောက်အပင်အများစုကတော့ များသောအားဖြင့် အစိမ်းရောင်ပဲရှိတတ်ပေမဲ့ အနီရောင်နှင့်မီးခိုရောင်လိုဖြစ်နေတဲ့ ရေညှိတွေလည်းရှိပါတယ်။


ဒီအနီရောင်ရေမှေ်တွေဟာ အနီရောင်ဖြစ်စေတဲ့ phycoerythrins ဆိုတဲ့ရောင်ခြယ်ပစ္စည်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အနီရောင်ဖြစ်လာရခြင်းမှာတော့ ဒီရောင်ခြယ်ပစ္စည်းကြောင့်တင်မဟုတ်ဘဲ နေရောင်ကိုစုပ်ယူတဲ့ပမာဏနှင့်လည်းသက်ဆိုင်နေတာဖြစ်ပါတယ်။


ရေမှော်တွေ အရောင်အများကြီးရှိနေတတ်တာကလည်း နေရောင်ကိုစုပ်ယူတဲ့အားနှင့် ဒီအရောင်တွေကို အပင်ဆဲလ်တွေကနေပြောင်းလဲပေးတာမတူညီလို့ပဲဖြစ်ပါတယ်။ တစ်ချို့ ရေမှော်တွေကတော့ အပင်ရဲ့ကလိုရိုဖီးလ် (အပင်ဆဲလ်) ကနေအပြည့်အဝနေရောင်ကိုစုပ်ယူပြီး အနီရောင်ဆိုးဆေးတွေထုတ်နိုင်တဲ့အတွက် အနီဖြစ်ပေမဲ့ စုပ်ယူစွမ်းအားပေါ် ကိုလိုက်ပြီး အနီရင့်ကနေ မီးခိုးဖျော့လိုအရောင်အထိဖြစ်နိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ www.discoverwild.com