အပြာရောင်ဝေလငါးရဲ့ နှလုံးသွေးကြောဟာ ကလေးငယ်များသွားလာနိုင်တယ်လို့ ပြောရင် သင်ယုံလား..?။ဟုတ်ပါတယ်... ပညာရှင်တွေရဲ့ အဆိုအရ အပြာရောင်ဝေလငါးရဲ့ နှလုံးဟာ အလွန်ကြီးမားတာကြောင့် သူတို့ရဲ့ သွေးကြောဟာ လူသားကလေးငယ်များ သွားလာနိုင်တယ်လို့ ဆိုပါတယ်။


ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ဒါကို ငြင်းဆိုထားဆဲပါ။ အပြာရောင် ဝေလငါးတစ်ကောင်ရဲ့ နှလုံးဟာ အလေးချိန် (ပေါင် ၁,၅၀၀ အထိ) ရှိတာကြောင့် ကားအသေးစားလောက်ရှိပါတယ်။



ကမ္ဘာပေါ်မှာ တည်ရှိသမျှ တိရစ္ဆာန်တွေထဲမှာတော့ အပြာရောင်ဝေလငါးတွေဟာ အကြီးဆုံး ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးတဲ့ အပြာရောင်ဝေလငါးတစ်ကောင်ဟာ အရှည် ၈၂ ပေမှ ၁၀၅ ပေ (၂၅ မှ ၃၂ မီတာ) ဝန်းကျင်အထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် အချို့ဝေလငါးတွေဆိုရင် အရှည်မှာ ၁၁၀ ပေ (၃၃.၅ မီတာ) ခန့်ရှိကြပါတယ်။ အရွယ်အစားကို နှိုင်းယှဉ်ပြောပြရမယ်ဆိုရင် အရွယ်ရောက်ပြီးတဲ့ အပြာရောင် ဝေလငါးတစ်ကောင်ဟာ Boeing 737s လုပ်ငန်းသုံး လေယာဉ်ကြီးလောက်ရှိပါတယ်။ ဒါဟာ အတော်လေးကို ကြီးမားတယ်လို့ ပြောလို့ရပါတယ်။

သတင်း အရင်းအမြစ်៖ Source - internet