လိပ်ပြာတွေဟာဆိုရင် ပန်းတွေကိုအဓိကစားသုံးပြီးနေထိုင်ကြတဲ့အပြင် ပန်းရဲ့အနံ့နှင့်ပဲ အစာကိုခွဲခြားသိကြတာလည်းဖြစ်ပါတယ်။ ပြီးတော့ လိပ်ပြာတွေမိတ်လိုက်ရင်လည်း အနံ့ခံအာရုံကိုပဲအဓိကထားပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တော့လိပ်ပြာတွေမှာ တစ်ခြားအကောင်တွေလို အနံ့ခံအာရုံဖြစ်တဲ့ နှာခေါင်းပေါက်မရှိပါဘူး။

လိပ်ပြာတွေဟာ သူတို့တစ်ကိုယ်လုံးမှာ အကြေးခွံ အမွှေးအမျှင်နှင့် အပေါက်သေးသေးလေးတွေရှိပါတယ်။ အဲ့တာတွေဟာအဓိကအားဖြင့် ခြေချောင်းတွေနှင့် ပါးစပ်နှင့်တူတဲ့လက်ချောင်းတွေနှင့် အင်တာနာတိုင်တွေပေါ်မှာရှိတာဖြစ်ပါတယ်။ အဲ့တာတွေကိုအသုံးပြုပြီး လိပ်ပြာတွေဟာအနံ့တွေကိုခွဲခြားနိုင်တာဖြစ်ပါတယ်။


တစ်ချို့လိပ်ပြာအထီးတွေဟာဆိုရင် (၈) ကီလိုမီတာအကွာအဝေးမှာရှိတဲ့ လိပ်ပြာအမတွေရဲ့အနံ့ကိုအာရုံခံနိုင်ကြလေ့ရှိပါတယ်။ လိပ်ပြာပေါက်လေးတွေအတွက် အစားအစာကိုလည်း အနံ့ခံအာရုံကိုအားပြုပြီးရှာဖွေပေးကြတာဖြစ်ပါတယ်။ ဒီလိုအနံ့ခံအာရုံကို အားပြုကြပေမဲ့ တစ်ခါတစ်ရံမှာတော့ အပင်ရဲ့အရောင်နှင့်အရသာကို စမ်းကြည့်ပြီးမှ သားပေါက်တွေကိုကျွေးကြတာလည်းရှိပါတယ်။


သတင်း အရင်းအမြစ်៖ www.discoverwildlife.com




