မိကျောင်းတွေ မျက်ရည်ကျတာဘာကြောင့်လဲ?

//s9.kh1.co/b9/b910273555a12ca93bda589323e6bee55604d911.jpg
MPT

 ၂၃-လိုင်-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

မိကျောင်းမျက်ရည်ကျရခြင်းရဲ့ အစစ်အမှန်အကြောင်းရင်း

တိရိစ္ဆာန်တစ်ချို့ဟာလူသားတွေလိုပဲ ခံစားချက်ရှိတတ်ကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ခွေးနှင့်ကြောင်တွေလိုမျိုးအပြင် နွားတို့ ဆင်တို့လိုတောရိုင်းကောင်တွေဟာလည်းခံစားချက်ရှိပြီး မျက်ရည်ကျတာလိုမျိုးအပြုအမူကိုလုပ်လေ့ရှိကြပါတယ်၊

https://s9.kh1.co/__image/w=650,h=434,q=100/72/7228c65d43474da68f7828bd36fd282915a9fdbe.jpg

ဒီလိုအကောင်တွေထဲမှာ ကုန်းနေရေနေသတ္တဝါဖြစ်ပြီး ရုပ်ကြမ်းကြီးဖြစ်နေတဲ့မိကျောင်းတွေလည်းပါဝင်ပါတယ်။ မိကျောင်းတွေဟာ မကြာခဏမျက်ရည်ကျတတ်ကြတဲ့အပြင် အစာစားနေချိန်နှင့် အနားယူချိန်လိုမျိုးမှာတောင် မျက်ရည်ကျတတ်ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/68/684b03bef02f23fcbed572874dfdfeae913f297e.avif

ဒါပေမဲ့ ဒီမိကျောင်းတွေရဲ့မျက်ရည်ကတော့ ခံစားချက်ကြောင့်ကျတာသိပ်မရှိဘဲ သူတို့ရဲ့ သဘာဝလုပ်ငန်းစဥ်တစ်ခုအနေနှင့်ကျတာဖြစ်ပါတယ်။ ဒီမျက်ရည်ထဲမှာ ရေဓာတ်တွေအပြင် အဆီဓာတ်နှင့် အချွဲဓာတ်တွေပါ ပါဝင်တဲ့အတွက် မိကျောင်းရဲ့မျက်လုံးတွေကို နေဒဏ်မိုးဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/71/718411063aa47ac477f70db3430252f4bf0126f4.jpg

ဒါ့ကြောင့် မျက်ရည်ကျခြင်းဟာ မိကျောင်းတွေအတွက် ကျန်းမာရေးလုပ်ငန်းစဥ် တစ်ခုလိုဖြစ်နေတာဖြစ်ပါတယ်။ အနောက်တိုင်းတွေကတော့ အားနေမျက်ရည်ကျနေတဲ့မိကျောင်းရဲ့မျက်ရည်တွေကို အတုအယောင်မျက်ရည်တွေအဖြစ်တင်စားပြောလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ff/ffd0b87f6cb12094a8217d3bd60efc18c690d94a.webp

သတင်း အရင်းအမြစ် www.englishclub.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T