ခွေးတစ်ကောင်ရဲ့ သက်တမ်းက ဘယ်လောက်ရှည်လဲ...?

//s9.kh1.co/fb/fbebd41997a8a73a1e1aaa02ecee16d1893326b8.jpg
MPT

 ၂၀-လိုင်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ခွေးတစ်ကောင်ရဲ့ သက်တမ်းက ဘယ်လောက်ရှည်လဲ...?

ခွေးတွေဟာ ကျွန်တော်တို့လူသားတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ပါတယ်။ ခွေးတစ်ကောင်ရဲ့ သက်တမ်းဟာ သူတို့ မျိုးစိတ်၊  အရွယ်အစား၊ မျိုးရိုးဗီဇနှင့် အလုံးစုံကျန်းမာရေးအပါအဝင် အချက်များပေါ်မူတည်ပြီး သိသိသာသာ ကွဲပြားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d9/d9ef33013180a43c4596f159b0f996b3a8eaf640.jpg

 ခွေးအများစုဟာ ပျမ်းမျှအားဖြင့် ၁၀ နှစ်မှ ၁၃ နှစ်ကြား အသက်ရှင်ကြပါတယ်။ ဒါပေမယ့် အချို့ခွေးမျိုးစိတ်များကတော့ အသက် ၁၅ နှစ် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး အသက်ရှည်ကြပေမယ့် အကောင်ကြီးမျိုးစိတ်များကတော့ ၇ နှစ်မှ ၁၀ အထိပဲ သက်တမ်းရှိကြတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/e2/e25c65e5a765a64f0c64b90a9fd53f2b56462183.jpg

ဥပမာ အနေနဲ့ပြောရရင် သေးငယ်တဲ့ ခွေးမျိုးစိတ်တွေဖြစ်တဲ့ Chihuahuas၊ Dachshunds နှင့် Yorkshire Terriers များဟာ ယေဘုယျအားဖြင့် သက်တမ်းပိုရှည်ကြပြီး သူတို့ရဲ့ အသက်ဟာ ၁၀ နှစ် မှ ၁၅ နှစ်အထိ ရှင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/69/69e6b1d7e99dd399f82502f4f6345232d5d8c567.jpg
https://s9.kh1.co/__image/w=650,h=434,q=100/df/dfc0349cc127d3ea777b02664f8c851f3a3ecbf7.jpg

အလတ်စားခွေးမျိုးဖြစ်တဲ့ Beagles၊ Cocker Spaniels နှင့် Bulldogs လို ခွေးတွေကတော့ ပုံမှန်အားဖြင့် ၁၀ နှစ်မှ ၁၃ နှစ်အထိ သက်တမ်းရှိပါတယ်။ ဒါပေမယ့် ခွေးကြီးမျိုးစိတ်ဖြစ်တဲ့ Labrador Retrievers၊ German Shepherds နှင့် Golden Retriever လိုမျိုး ခွေးမျိုးစိတ်တွေကတော့  အများအားဖြင့် အသက် ၇ နှစ်မှ ၁၂ နှစ်အထိပဲ အသက်ရှင်နိုင်ကြတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/6c/6caaa531cfe129b3a395392b9b6a0dfdcd1ab333.jpg

ခွေးတစ်ကောင်ရဲ့ သက်တမ်းဟာ မျိုးစိတ် ၊ အရွယ်အစား နှင့် မျိုးရုံးဗီဇပေါ်မူတည်သလို ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုကလည်း အရေးပါပါတယ်။ 

သတင်း အရင်းအမြစ် Source - Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T