ရေခဲတွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်မှာ အခြားတိုက်တွေလိုမျိုး လေဆင်နှာမောင်း မရှိသလောက်ဖြစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါဆို အန္တာတိကတိုက်မှာ လေဆင်မှာမောင်းတွေ ဘာကြောင့် မရှိရတာလဲလို့ မေးကောင်းမေးနိုင်ကြမှာပါ။ လေဆင်မှာမောင်းတွေမရှိတာက အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။


(၁) အဆင်သင့်ရှိတဲ့ လေထုအခြေအနေမရှိခြင်း
လေဆင်နှာမောင်းဆိုတာက လေတိုက်ခတ်ဖို့အတွက် ပြင်းထန်သောပြင်ဆင်မှုနှင့် မတည်ငြိမ်မှုများအပါအဝင် လေထုဆိုင်ရာအချက်များ ပေါင်းစပ်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒီလိုအခြေအနေကျမှ ပူနွေးစိုစွတ်တဲ့လေထုဟာ အေးမြပြီး ခြောက်သွေ့တဲ့ လေထုထုနှင့် ပေါင်းစပ်ပြီး ထိတွေ့သည့် ပတ်ဝန်းကျင်မှာ ပေါ်ပေါက်တာဖြစ်ပါတယ်။ အန္တာတိကတိုက်ရဲ့ ရာသီဥတုကတော့ အဓိကအားဖြင့် အေးနေတာကြောင့် လေဆင်နှာမောင်းဖြစ်ပေါ်ဖို့ လိုအပ်တဲ့ ပူနွေးစိုစွတ်သောလေကို မရှိတာကြောင့်ပါ။
(၂) အပူချိန်ကွာခြားမှုမရှိခြင်း
လေဆင်နှာမောင်းများဟာ မတူညီတဲ့ လေထုထည်တွေကြားမှာ အပူချိန်နှင့် စိုစွတ်မှု သိသိသာသာ ကွာခြားတဲ့ ဒေသများမှာ အဓိက ဖြစ်ပေါ်လာတတ်ပါတယ်။ အန္တာတိကတိုက်မှာတော့ အအေးပိုင်းရာသီဥတုကြောင့် အပူချိန်ပြောင်းလဲမှုများဟာ ယေဘုယျအားဖြင့် သိသာထင်ရှားပါတယ်။ ဒီလို သိသာထင်ရှားတဲ့ အပူချိန်မရှိတာကြောင့် လေဆင်နှာမောင်းဖြစ်ပေါ်နိုင်ခြေကို လျော့နည်းစေပါတယ်။


(၃) သိသာထင်ရှားတဲ့ မြေအသွင်အပြင်များမရှိခြင်း
တောင်ကုန်း၊တောင်တန်းတွေ ဒါမဟုတ် မြို့ပြဧရိယာမျိုးတွေမှာ လေဆင်နှာမောင်းတွေ မကြာခဏ ဖြစ်ပေါ်ပြီး ပြင်းထန်လာတတ်ပါတယ်။ အန္တာတိကတိုက်မှာတော့ အများအားဖြင့် ပြန့်ပြူးပြီး ရေခဲဖုံးနေတဲ့ တိုက်ကြီးတစ်ခုဖြစ်ပြီး မြေမျက်နှာသွင်ပြင် အနည်းငယ်သာရှိတာကြောင့် လေဆင်နှာမောင်းဖြစ်ပေါ်မှုကို အထောက်အကူပြုစေတဲ့ ဒိုင်းနမစ်များကို ကန့်သတ်ထားကြောင့် ဖြစ်ပါတယ်။
(၄) လူနေထိုင်မှု နည်းပါခြင်း
အန္တာတိကတိုက်မှာ သိပ္ပံသုတေသီများ အဓိကပါဝင်ပြီး လူသားဦးရေ နေထိုင်မှု အလွန်နည်းပါးပါတယ်။ ဒါကြောင့် လေဆင်နှာမောင်းတိုက်ခတ်ရင်တောင် သတင်းရဖို့အတွက် အခွင့်အလမ်းနည်းပါတယ်။ အန္တာတိက ပတ်ဝန်းကျင်ဟာ တကယ့်ကို ဝေးလံခေါင်သီပြီး ကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် မိုးလေဝသနှင့် ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့ ဆိုတာ ခက်ခဲပါတယ်။


အရှင်းဆုံးပြောရရင်တော့ လေဆင်နှာမောင်းဆိုတာက ကမ္ဘာ့နေရာအနှံ့အပြားမှာ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် အန္တာတိကတိုက်ရဲ့ ထူးခြားတဲ့ ရာသီဥတု နှင့် ပထဝီဝင်အနေအထားတွေကြောင့် လေဆင်နှာမောင်း ဖြစ်ပေါ်မှု နည်းပါးတာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - internet