ချင်းပြည်နယ်ရဲ့အမှတ်အသားဖြစ်တဲ့ အောင်လောင်အောက်ချင်းငှက်

//s9.kh1.co/56/565425a0c19e60ff822906ab33d9f53d0617dd98.jpg
MPT

 ၁၆-လိုင်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အကောင်ရေနည်းလာမှုနှင့် ကြုံတွေ့နေရတဲ့ငှက်မျိုးစိတ် Great Hornbill

အောင်လောင်ငှက်က ချင်းပြည်နယ်ရဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။ ဒီအောင်လောင်ငှက်ကို ယောင်းယင်လို့လည်းခေါ်ကြလေ့ရှိပါတယ်။အောက်ချင်းမျိုးစိတ်တွေထဲ  အောင်လောင်(Great Hornbill) က အရွယ်အစား ကြီးမားတဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒီငှက်တွေရဲ့တောင်ပံကိုဖြန့်လိုက်ရင် ၁၅၁-၁၇၈ စင်တီမီတာ​လောက်အထိကျယ်တာဖြစ်ပါတယ်။

Crd
Crd

ငှက်ရဲ့ဦးခေါင်းကအမောက်ဟာ ထင်ရှားပြီး  ငှက်ဖိုများ အချင်းချင်း တိုက်ခိုက်ရာတဲ့​နေရာ ဒါမှမဟုတ် ငှက်မများကို ဆွဲဆောင်တဲ့​နေရာမှာ အသုံးပြုကြတာဖြစ်ပါတယ်။ ဒီငှက်တွေဟာ တောနက်တွေမှာပဲကျက်စားလေ့ရှိကြပေမဲ့ မုဆိုးတွေနှင့်ငှက်ဖမ်းသမားတွေကြောင့် အကောင်ရေနည်းပါးလာတဲ့ မျိုးစိတ်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/84/84995b8c020387e8a663274857d404df3b689307.jpg
https://s9.kh1.co/__image/w=650,h=433,q=100/d8/d8142f80cd7f1c6054c165be7ce2c0bce967a3ce.jpg

အောင်လောင်ငှက်ခန္တာကိုယ်ဟာ အဖြူ၊ အဝါ၊ အနက်နှင့် အနီရောင် အနည်းငယ်ပါဝင်ပြီး အရောင်စုံပြီးလှတဲ့ငှက်မျိူးစိတ်တစ်ခုဖြစ်ပါတယ်။ ဒီအောက်ချင်းငှက်အပါအဝင် အောက်ချင်းငှက်မျိူးစိတ်အများစုကို မျိုးသုဥ်းအန္တာရယ်မှကာကွယ်ရန် အစိုးရကနေပြီး ဥပဒေနှင့်ကာကွယ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/00/00141cfb96fe9515d79b0f5eb5d1c902366daddd.jpg

သတင်း အရင်းအမြစ် wikipedia.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T