အရွယ်ရောက်ပြီးသား သားပိုက်ကောင်းတစ်ကောင်ဟာ အရွယ်အစားကြီးမားသလောက် သူတို့မွေးဖွားလာတဲ့ မွေးကင်းစ ကလေးတွေဟာ ပျားအရွယ်အစားသာရှိပါတယ်။ ခန့်မှန်းခြေ မွေးကင်းစ သားပိုက်ကောင်တစ်ကောင်ဆိုရင် တစ်လက်မ အရွယ် (၂.၅ စင်တီမီတာ) လောက်သာ ရှိတာ ဖြစ်ပါတယ်။


ဒါကြောင့် နို့တိုက်သတ္တဝါတွေရဲ့ မွေးကင်းစကလေးတွေထဲမှာလည်း အသေးငယ်ဆုံးလို့ ပြောလို့ရပါတယ်။ ထူးခြားတာက သားပိုက်ကောင်တွေဟာ အခြားတိရစ္ဆာန်တွေနည်းလမ်းအတိုင်း နို့တိုက်ကြတာတော့ မဟုတ်တာပါဘူး။ သူတို့မှာ နို့သီးခေါင်းက တစ်လုံးပဲရှိတာကြောင့် တစ်ကြိမ်မှာ ကလေးတစ်ကောင်းကိုပဲ နို့တိုက်နိုင်မှာ ဖြစ်ပါတယ်။


သားပိုက်ကောင်လေးတွေ မွေးလာတဲ့ အခါမှာ ပုံမှန်အားဖြင့် နို့သီးခေါင်းမှာ လပေါင်းများစွာ တွဲနေလေ့ရှိပြီး အဲ့ဒီအချိန်မှာ မိခင်နို့မှ လိုအပ်တဲ့ အာဟာရအားလုံးကို ရရှိမှာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source -boredteachers