ပလက်တီဘီလိုဒန် (Platybelodon) လို့ခေါ်တဲ့ ရှေးဟောင်းတိရိစ္ဆာန်တွေဟာ ဆင်နဲ့တူတဲ့ နို့တိုက်သတ္တဝါတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅) သန်းခန့်က အာရှ၊ ဥရောပနှင့် အာဖရိကဒေသမှာ နေထိုင်ကျက်စားခဲ့ပေမယ့် ယခုချိန်မှာတော့ မျိုးတုန်းတိရိစ္ဆာန်တွေဖြစ်နေကြပါပြီ။

ဘလက်တီဘီလိုဒန်တွေဟာ အသီးအရွက်စားသတ္တဝါတွေဖြစ်ပြီး သူတို့ရှင်သန်ရာကာလမှာ အကောင်းဆုံးနေထိုင်ခဲ့ကြပေမယ့် Miocene လို့ခေါ်တဲ့ ရာသီဥတုအပြောင်းအလဲမြန်ပြီး ကမ္ဘာကြီးပူနွေးလာတဲ့ကာလတစ်ခုကို မဖြတ်ကျော်နိုင်ခဲ့ကြပါဘူး။ သူတို့ဟာ စိမ်းလန်းတဲ့မြက်ခင်းစိမ်းတွေကိုနှစ်သက်ပြီး ရေနဲ့နီးတဲ့ပတ်ဝန်းကျင်မှာနေထိုင်ကြပါတယ်။ ရေမှာပေါက်တဲ့အပင်တွေရဲ့အခေါက်ကို သူတို့ရဲ့ဂေါ်ပြားပုံသွားနဲ့ ဖယ်ထုတ်ပြီး စားသုံးကြပါတယ်။

သူတို့ရဲ့အစွယ်အောက်မှာပါတဲ့ အောက်သွားတွေက သစ်ခေါက်တွေကိုဖယ်ထုတ်ရာမှာကူညီပေးသလို သစ်ပင်တွေကို ကိုက်ဖြတ်ရာမှာလည်း အကူအညီဖြစ်စေပါတယ်။ အဆိုပါအောက်သွားတွေဟာ ဂေါ်ပြားနဲ့ဆင်တူတဲ့အပြင် သူတို့မှာဆင်နဲ့တူတဲ့ကိုယ်ထည်တွေရှိတာကြောင့် ဂေါ်ပြားဆင်လို့ လူသိများပါတယ်။ အောက်သွားတွေက (၂) ပေမှ (၃) ပေလောက်ထိ ထိုးထွက်နေတဲ့အပြင် အစာရှာဖို့အတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။


ဂေါ်ပြားဆင်တွေဟာ အရွယ်အစားအားဖြင့် (၄) မီတာမှ (၅) မီတာလောက်ရှည်ပြီး (၂) မီတာခန့်အမြင့်ရှိပါတယ်။ အလေးချိန်အားဖြင့် ၂၅၀၀ ကီလိုဂရမ်လောက်ရှိပါတယ်။ သူတို့ရဲ့ရုပ်ကြွင်းကို ၁၉၂၇ မှာ စတင်တွေ့ရှိခဲ့ပြီး ကုန်းနေတိရိစ္ဆာန်တွေထဲက ကမ္ဘာ့အကြီးဆုံးမျိုးတုန်းနို့တိုက်သတ္တဝါတွေဖြစ်မယ်လို့ မှတ်ယူထားကြပါတယ်။
