ကမ္ဘာ့အသေးဆုံး ရေနေသတ္တဝါကတော့ "Marine Pelagic Diatom" ဟုခေါ်တဲ့ အဏ္ဏဝါသတ္တဝါဖြစ်ပါတယ်။ တကယ်တော့ Diatoms များဟာ Bacillariophyta လို့ခေါ်တဲ့ ရေညှိအုပ်စုဝင် ဆဲလ်တစ်ခုတည်းမှ သက်ရှိများဖြစ်ပါတယ်။ သူတို့ကို ရေချိုနှင့် ရေငန်း အဏ္ဏဝါပတ်ဝန်းကျင် နှစ်ခုလုံးမှာ တွေ့ရပါတယ်။


Diatoms တွေကို သာမန်မျက်လုံးတွေနဲ့ မမြင်ရတာကြောင့် အဏုကြည့်မှန်ပြောင်းနဲ့ပဲ ကြည့်လို့ရတာပါ။ ပုံမှန်အားဖြင့် သူတို့ရဲ့ အရွယ်အစားက ၂ မှ ၂၀၀ မိုက်ခရိုမီတာအထိရှိတာဖြစ်ပါတယ်။ သူတို့ဟာ အဏ္ဏဝါစားနပ်ရိက္ခာကွင်းဆက်ရဲံ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အခြားသက်ရှိအမျိုးမျိုးအတွက် အဓိကအစားအစာအရင်းအမြစ်အဖြစ် ဆောင်ရွက်ပေးကြရတာ ဖြစ်ပါတယ်။


ပညာရှင်တော်တော်များများကတော့ သူတို့ကို ပင်လယ် ဘက်တီးရီးယားများအဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့် Diatoms တွေဟာ ရေနေသတ္တဝါတွေကြားမှာ ကမ္ဘာ့အသေးဆုံး အဏုဇီဝသက်ရှိအဖြစ် မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Internet




