ကမ္ဘာ့အနက်ဆုံးချောက်မှာတည်ရှိတဲ့ အာရှရဲ့အမြင့်ဆုံးသစ်ပင်..

//s9.kh1.co/a1/a18c48424b1d1eb342488714b498d14ee6190632.jpg
MPT

 ၂၃-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ချောက်ကြီးရဲ့ တစ်ဝက်နီးပါးလောက်ကိုမြင့်တာ..

မကြာသေးခင်က တရုတ်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ထင်ရှူးပင်ဟာ အာရှမှာတွေ့ဖူးသမျှအပင်တွေထက် ပိုမြင့်တဲ့အပင်ဖြစ်လာပါတယ်။ အံ့ဩစရာကောင်းလောက်အောင် အပင်ရဲ့အမြင့်ဟာ ၁၀၂ မီတာ ( ၃၃၅ ပေ) အမြင့်ရှိပါတယ်။ အဆိုပါထင်ရှူးပင်ကို တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Yarlung Zangbo Grand Canyon လို့ခေါ်တဲ့ သဘာဝဘေးမဲ့တောမှာ ပီကင်းတက္ကသိုလ်သုတေသနအဖွဲ့က မေလမှာ ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=222,h=1280,q=100/34/34008210af2fb81ab49b5e1b28b2898a51bf50c2.jpg

အဆိုပါထင်ရှူးဟာ ဟိမဝန္တာထင်ရှူး (သို့မဟုတ်) တိဗက်ထင်ရှူးဖြစ်မယ်လို့ တရုတ်မီဒီယာတွေက ယူဆထားကြပေမယ့် အမျိုးအစားအတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ အပင်ရဲ့အချင်းဟာ ၉.၆ ပေ (၂.၆ မီတာ) ရှိတယ်လို့ တရုတ်အစိုးရပိုင်သတင်းစာတစ်ခုက ဖော်ပြထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=1156,q=100/8d/8d8106cf89c9009784b0bb296f2eb3b1f2b99a15.jpg

ယခုအပင်ကိုမတွေ့ရှိခင်က အာရှအမြင့်ဆုံးအပင်ဟာ မလေးရှားနိုင်ငံမှာရှိတဲ့ အဝါရောင် meranti ပင်ဖြစ်ပါတယ်။ ဒီအပင်ဟာ အမြင့်ပေပေါင်း ၃၃၁ (၁၀၁ မီတာ) ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/2d/2da1f041eb391adf2411be00da5b99eb705472fa.jpg

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ဖွံ့ဖြိးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတွေ ပိုမိုလွှမ်းမိုးလာတာကြောင့် ထူးခြားတဲ့ ဂေဟစနစ်ကိုပိုင်ဆိုင်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အာရှရဲ့အမြင့်ဆုံးအပင်တွေ့ရှိထားရာနေရာဖြစ်တဲ့ Nyingchi City မှာတော့ တိရိစ္ဆာန်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတွေကို အဓိကလုပ်ဆောင်နေကြပါတယ်။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T