အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူကြတဲ့ အပြာရောင်လျှာနဲ့ ရေခြောက်ကောင်များ..

//s9.kh1.co/89/89f798f27b1bee0d6e136c44e9bcabca35eee555.jpg
MPT

 ၁၉-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

အင်ဒိုနီးရှားနှင့် ဩစတေးလျဒေသတွေမှာတွေ့ရတဲ့ မျိုးစိတ်..

ဖွတ်မျိုးနွယ်ဝင်တွေဖြစ်တဲ့ အပြာရောင်လျှာနဲ့ ရေခြောက်ကောင်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် အများအပြားမွေးမြူလာကြပါတယ်။ မွေးမြူသူတွေရဲ့ပြောကြားချက်အရ အပြာရောင်လျှာရှိတဲ့ရေခြောက်ကောင်တွေဟာ ဉာဏ်ကောင်းပြီး လူတွေနဲ့ အပြန်အလှန်ဆက်ဆံနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/56/567fbb3cd3b043869720faa05d5c7226bbfb362a.jpg

သူတို့ကို ဩစတေးလျ၊ နယူးဂီနီနှင့် အင်ဒိုနီးရှားနိုင်ငံတွေမှာ တွေ့ရပါတယ်။ သူတို့ရဲ့နှာမောင်း သို့မဟုတ် ခြေလက်တွေနဲ့ တွင်းတူးပြီး နေထိုင်ကြသလို မြွေတွေစွန့်ပစ်ထားတဲ့ တွင်းဟောင်းတွေကိုလည်း ရှာဖွေနေထိုင်တတ်ကြပါတယ်။ သူတို့ရဲ့ပုံစံဟာ ခြေထောက်ပါတဲ့မြွေတွေနဲ့ တူနေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d9e3248bb3ad8daa4b5a11db4a4396d87381886.jpg

ရေခြောက်လေးတွေဟာ အန္တရာယ်ကင်းတဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့မှာအဆိပ်တွေမရှိသလို ကြီးမားတဲ့သွားတွေလည်း မရှိပါဘူး။ ရန်သူတွေတိုက်ခိုက်ခံရတဲ့အခါ သူတို့မှာခုခံဖို့နည်းလမ်းမရှိပါဘူး။ သူတို့အသုံးပြုနေကျ နည်းလမ်းတစ်ခုကတော့ ဟန်ဆောင်ဖို့ပါပဲ။ ရန်သူတွေရဲ့ တိုက်ခိုက်ခြင်းခံရတဲ့အခါ သူတို့ဟာ သေချင်ယောင်ဆောင်ပြီး အန္တရာယ်ကိုကာကွယ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/0c/0c80c0f0d7ce523f79cf8ce53c212670194dedc3.jpg

သူတို့ရဲ့ဦးခေါင်းထိပ်မှာ အရိပ်တစ်ခုဖြတ်သွားရင်တောင်သိနိုင်မယ့် parietal မျက်လုံးပါရှိပါတယ်။ ဒါကြောင့် သူတို့အနီးအနားမှာ လှုပ်ရှားနေတဲ့အရာဝတ္ထုတိုင်းကို သတိပြုမိနိုင်ပါတယ်။ ဒီလိုဉာဏ်ကောင်းပြီး ချစ်စရာကောင်းတဲ့ ရေခြောက်ကောင်လေးတွေကို အချို့ဒေသတွေမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ်အများအပြားမွေးမြူကြပါတယ်။ သူတို့ဟာ အန္တရာယ်မရှိတဲ့အတွက် ကလေးတွေနဲ့လည်း ဆော့ကစားလို့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/46/465c8fcb8cd22c0d838a691cd809c8e5ace089de.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T