ကိုယ်ဝန်ဆောင်ကာလ အရှည်ကြာဆုံးသတ္တဝါများ..

//s9.kh1.co/fb/fbea09617bbd4d485305cab08738378fe065b5a9.jpg
MPT

 ၁၂-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုသတ္တဝါတွေဖြစ်မယ်ထင်လဲ..

ကိုယ်ဝန်ဆောင်ခြင်းဟာ သတ္တဝါအားလုံးမျိုးပွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ရတာချင်းတူပေမယ့် အချိန်ကာလကတော့ အနည်းနှင့်အများကွာခြားကြပါတယ်။ အချို့က လပိုင်းသာကြာတတ်ပေမယ့် အချို့ကတော့ နှစ်နဲ့ချီပြီးကြာတတ်ကြပါတယ်။ ဒီထဲကမှ ကိုယ်ဝန်ဆောင်ကာလအကြာဆုံးတိရိစ္ဆာန် (၃) မျိုးကို ဖော်ပြပေးသွားပါမယ်။

ပင်လယ်နွား
ပင်လယ်နွား

(၁) ဆင်

ဆင်တွေဟာ ကိုယ်ဝန်ဆောင်ကာလအကြာဆုံး တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ဆင်သားပေါက်လေးတစ်ကောင်ရဖို့အတွက် သူတို့ဟာ (၁၈) လ မှ (၂၂) လ ထိ (၂) နှစ်နီးပါး ဝမ်းမှာလွယ်ထားရပါတယ်။ လေ့လာချက်အရ‌ ဉာဏ်ရည်မြင့်တဲ့ တိရိစ္ဆာန်တွေမှာ ကိုယ်ဝန်ဆောင်ကာလ ပိုကြာတတ်ပါတယ်။ ဆင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့အပြင် ခန္ဓာကိုယ်ကြီးတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလအရှည်ဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆင်
ဆင်

(၂) ပင်လယ်နွား

ပင်လယ်နွားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကြောင့် ကိုယ်ဝန်ရှိ၊ မရှိတောင်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမကြာဘူးလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သားပေါက်လေးတစ်ကောင်ရဖို့ (၁၃) လ နီးပါး ဝမ်းမှာလွယ်ထားရပါတယ်။

ပင်လယ်နွား
ပင်လယ်နွား

(၃) ကုလားအုတ်

ကုလားအုတ်တွေဟာ ရေမသောက်ဘဲအချိန်အကြာကြီးနေနိုင်သလိုပဲ သားပေါက်လေးတစ်ကောင်ရဖို့ အချိန်အကြာကြီးစောင့်ရပါတယ်။ သူတို့ရဲ့ကိုယ်ဝန်ဆောင်ကာလဟာ (၁၃) လ မှ (၁၅) လ ထိကြာတတ်ပါတယ်။

ကုလားအုတ်
ကုလားအုတ်
ကုလားအုတ်
ကုလားအုတ်

ဖော်ပြထားတဲ့ တိရိစ္ဆာန်တွေပြီးရင် ဘယ်လိုသတ္တဝါတွေက ကိုယ်ဝန်ဆောင်ကာလ အကြာဆုံးဖြစ်မယ်ထင်လဲ..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T