မိတ်မလိုက်ဘဲ မျိုးပွားနိုင်တဲ့ တိရိစ္ဆာန် (၃) မျိုး..

//s9.kh1.co/b7/b7ea64f9e800578f95bd6bbf917a3ddba8d94e25.jpg
MPT

 ၀၉-ဇွန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အထီးတွေတောင်မလိုတော့ဘူး...

ကမ္ဘာပေါ်ကတိရိစ္ဆာန်မျိုးစိတ်အများစုမှာ ထူးခြားတဲ့ပင်ကိုစွမ်းရည်နှင့် အသွင်အပြင်တွေပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုထူးခြားတဲ့စွမ်းရည်ကိပိုင်ဆိုင်ထားတဲ့ တိရိစ္ဆာန်အချို့မှာ အပင်တွေလို မိတ်မလိုက်ဘဲမျိုးပွားနိုင်တဲ့တိရိစ္ဆာန်တွေရှိပါတယ်။ ဒီထဲကမှ လူသိများတဲ့တိရိစ္ဆာန် (၃) မျိုးကို ဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c5/c53ecf9a6e7c49929c83e600912b7bf0995c8b22.jpg

(၁) ငါးမန်း

ငါးမန်းတွေဟာ အချိန်ကြာမြင့်စွာမိတ်မလိုက်တဲ့အခါ Parthenogenesis နည်းလမ်းနဲ့ မျိုးပွားကြပါတယ်။ Parthenogenesis ဆိုတာ မျိုးမအောင်တဲ့ဥတွေကတစ်ဆင့် သန္ဓေသားပေါက်ဖွားလာတဲ့ လိင်မျိုးပွားမှုပုံစံတစ်မျိုးဖြစ်ပြီး အချိန်ကြာမြင့်စွာ အထီးနဲ့ကင်းကွာတဲ့ တိရိစ္ဆာန်အမတွေမှာ အဖြစ်များပါတယ်။ မွေးဖွားလာတဲ့ သားပေါက်လေးတွေမှာ ဖခင်ရဲ့ DNA ကို မတွေ့ရဘဲ မိခင်ရဲ့ DNA တစ်မျိုးတည်းသာ တွေ့ရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=443,q=100/49/494e78143d92ea9e870a1463d80135624c799771.jpg

(၂) ကိုမိုဒိုနဂါး

ကိုမိုဒိုနဂါးလို့ခေါ်တဲ့ ဖွတ်အထီးတွေဟာ မိတ်လိုက်ရာသီအတွင်းမှာ အချင်းချင်းတိုက်ခိုက်တတ်ကြပါတယ်။ အချို့ဖွတ်အထီးတွေဟာ ဖွတ်အမတွေနဲ့ မိတ်လိုက်အပြီးမှာ အဆိုပါဖွတ်အမကို အခြားဖွတ်ထီးတွေမိတ်မလိုက်နိုင်အောင် ရက်ပေါင်းအတော်ကြာစောင့်နေတတ်ကြပါတယ်။ ကိုမိုဒိုဖွတ်မတွေဟာလည်း ငါးမန်းတွေလို ဖွတ်အထီးနဲ့ဝေးကွာတဲ့အခါ မိတ်လိုက်ခြင်းမရှိဘဲ ဥဥတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/27/274108d998da6e2b549bdcb656d43aa8b028c620.jpg
https://s9.kh1.co/__image/w=650,h=488,q=100/58/58e7881505fd8a9b58b519b31a6bc210dcdc58e0.jpg

(၃) ကြယ်ငါး

ကြယ်ငါးလေးတွေဟာလည်း မိတ်မလိုက်ဘဲ မျိုးပွားနိုင်တဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ရဲ့မျိုးပွားပုံက အခြားတိရိစ္ဆာန်တွေနဲ့မတူဘဲ ထူးခြားပါတယ်။ သူတို့ရဲ့အစိတ်အပိုင်းကို ခွဲထုတ်ပြီး (သို့) နှစ်ခြမ်းခွဲပြီး ကြယ်ငါးနှစ်ကောင်အဖြစ် မျိုးပွားနိုင်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့လက်မောင်းလေးတွေကို အလိုအလျောက်ခွဲထုတ်လိုက်တဲ့အခါ အဆိုပါလက်မောင်းဟာ အခြားကြယ်ငါးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး လိုအပ်နေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/21/212efc37cf80aab3a5f3bbf4e312130491746da2.jpg

ဒီလိုထူးခြားတဲ့ တိရိစ္ဆာန်တွေကို သင်မြင်ဖူးပါသလား..။ အကယ်၍ မိတ်မလိုက်ဘဲမျိုးပွားတဲ့တိရိစ္ဆာန်တွေထဲက အခြားသင်သိတဲ့တိရိစ္ဆာန်တွေရှိရင်လည်း ပြောသွားကြဦးနော်..။

https://s9.kh1.co/__image/w=650,h=369,q=100/da/dabfdcc292b665248a4ab51a274546cd31eb7ba3.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T