တီကောင်တွေမှာ နှလုံး (၅) ခုပါတာ သင်သိပြီးပြီလာ..

//s9.kh1.co/8d/8dd396cbacada109a4156da1ede73fd32caeb7f4.jpg
MPT

 ၀၈-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

တစ်ချို့ကောင်တွေမှာဆို ငါးခုထက်ပိုပါနိုင်ပါတယ်..

လူတိုင်းမှာ နှလုံးတစ်ခုသာရှိသလို ကမ္ဘာပေါ်ကသတ္တဝါအားလုံးနီးပါးဟာလည်း နှလုံးတစ်ခုသာရှိကြပါတယ်။ ဒါပေမယ့် အချို့သတ္တဝါတွေက တစ်ခုထက်ပိုတဲ့ နှလုံးတွေကိုပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုသတ္တဝါတွေထဲမှာ အနီးအနားပတ်ဝန်းကျင်မှာ အမြဲလိုလိုမြင်တွေ့နေရတဲ့ တီကောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=387,q=100/c3/c3e73a35954b6d9606f43c7ab5091c9926c2724f.png
https://s9.kh1.co/__image/w=561,h=333,q=100/39/394b567ea7f36123cb07b4f2777bb3df244acd1e.png

တီကောင်တွေဟာ ပျော့ပျောင်းတဲ့အတွက် သူတို့ကိုယ်ထဲမှာ ဝမ်းဗိုက်ပိုင်းအစာအိမ်ကလွဲပြီး ဘာမှထပ်မရှိနိုင်ဘူးလို့ ထင်ရပေမယ့် အံ့ဩစရာကောင်းတာက သူတို့မှာ နှလုံး (၅) ခုအထိရှိပါတယ်။ အချို့တီကောင်တွေမှာဆိုရင် နှလုံးဆယ်ခုအထိပါရှိတယ်လို့လည်း သိရပါတယ်။ တီကောင်တွေရဲ့နှလုံးကို သူတို့ကိုရဲ့ ပါးစပ်အနီးမှာ ငါးစုံလောက်ထိတွေ့နိုင်ပါတယ်။ သူတို့ရဲ့နှလုံးဟာ အခုံးပုံစံဖြစ်နေတဲ့အတွက် သွေးကြောခုံးလို့လည်း ခေါ်ကြပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/97/970a85d5f88e07391398c735339f74098b5d96e8.png

တီကောင်တွေဟာ အရေပြားမှတစ်ဆင့် အောက်ဆီဂျင်ကိုစုပ်ယူတဲ့အခါ သွေးကြောခုံးတွေက ခန္ဓာကိုယ်အနှံ့အောက်ဆီဖြည့်ထားတဲ့ သွေးတွေကိုစုပ်ယူပါတယ်။ ဒီနည်းလမ်းတွေဟာ အခြားတိရိစ္ဆာန်တွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့နည်းလမ်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=461,q=100/5a/5ac1c12893f0f6e5c65e1c92af08e650c0bdc5c0.png

ဒီလိုနှလုံးငါးခုပါတဲ့ တီကောင်တွေဟာ အပင်တွေအတွက်အလွန်အသုံးဝင်တဲ့ တိရိစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ သူတို့က မြေဆီလွှာအရည်အသွေးကို တိုးပွားအောင်လုပ်ဆောင်ပေးပြီး အပင်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/cd/cd486344bfde08e2040e735f1ede067ef701d6e3.png
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T