Ghekin နှင့် Shard တို့လို ခေတ်မီဆန်းသစ်အဆောက်အအုံတွေ တည်ဆောက်နိုင်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းမှာ လူသားတွေသာ လုပ်ဆောင်နိုင်တယ်လို့ မထင်လိုက်ပါနဲ့။ အချို့တိရိစ္ဆာန်တွေဟာ ဆောက်လုပ်ရေးမှာအထူးကျွမ်းကျင်တဲ့အပြင် လိုအပ်တဲ့အခါ သူတို့ကိုယ်တိုင်တောင် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နိုင်ပါတယ်။

ဒီလိုဆောက်လုပ်ရေးကျွမ်းကျင်တဲ့ တိရိစ္ဆာန်တွေထဲက ဥပမာတစ်ခုပြပါဆိုရင် ပုရွက်ဆိတ်တွေကို ပြရပါလိမ့်မယ်။ ပုရွက်ဆိတ်တွေဟာ နေရာဒေသမရွေး နေထိုင်တတ်ကြပါတယ်။ လူတွေရဲ့အဆောက်အုံတွေထဲမှာသော်လည်းကောင်း၊ အပင်ပေါ်မှာသော်လည်းကောင်း၊ မြေကြီးထဲမှာသော်လည်းကောင်း အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ သူတို့ဟာ အဖွဲ့အစည်းနဲ့ စည်းစည်းလုံးလုံးလုပ်ဆောင်နိုင်တဲ့ ကိုလိုနီတွေဖြစ်ပါတယ်။

ပုရွက်ဆိတ်တွေဟာ ငှက်တွေလို အပင်ပေါ်မှာအသိုက်ဆောက်ပြီးနေနိုင်သလို ပုရစ်တွေလိုလည်း မြေကြီးထဲမှာနေနိုင်ပါတယ်။ ဒါ့အပြင် လူသားတွေလို မြေကြီးပေါ်မှာ အသိုက်ဆောက်ပြီးနေထိုင်နိုင်တဲ့ တိရိစ္ဆာန်တွေလည်းဖြစ်ပါတယ်။သူတို့ဟာ အစာရှာဖွေရာမှာလည်း အထူးကျွမ်းကျင်တဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။

ပုရွက်ဆိတ်တွေရဲ့ ဆောက်လုပ်ရေးမှာ အထူးခြားဆုံးအပိုင်းကတော့ ဘယ်အရာဝတ္ထုကိုမှမသုံးဘဲ တံတားတည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။ လွယ်ကူစွာသွားလာလို့မရတဲ့နေရာမှာ သူတို့ခန္ဓာကိုယ်ကို အသုံးပြုပြီး တံတားတစ်စင်းအဖြစ်လုပ်ဆောင်ကာ အခြားအဖွဲ့ဝင်တွေကို သွားလာနိုင်အောင် ကူညီပေးပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ပုရွက်ဆိတ်အရေအတွက် ၄၀ (သို့) ၅၀ လောက်ကို အမြဲလိုလိုအသုံးပြုရပါတယ်။ အခုလိုလုပ်ဆောင်ခြင်းက အစားအသောက်ရှာဖွေတဲ့အခါ သွားလာရအဆင်ပြေစေဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။

ပုရွက်ဆိတ်တွေရဲ့ တံတားတစ်စင်းအဖြစ်လုပ်ဆောင်နိုင်စွမ်းကို New Jersey မှာရှိတဲ့ ပုရွက်ဆိတ်လေ့လာရေးအဖွဲ့တစ်ခုက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
