လူသားတွေနဲ့ ထိတွေ့မှုရှိတဲ့တိရိစ္ဆာန်အများစုက မျက်လုံးနှစ်လုံးသာရှိပေမယ့် အချို့တိရိစ္ဆာန်တွေကတော့ ထူးထူးခြားခြား မျက်လုံးနှစ်လုံးထက်ပိုပါရှိပါတယ်။ ဘာကြောင့်သူတို့မှာ မျက်လုံးနှစ်လုံးလုံးထက်ပိုပြီးလိုအပ်ရတာလဲ။ ပိုနေတဲ့မျက်လုံးတွေက သူတို့အတွက်ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ..။

တွားသွားသတ္တဝါ၊ ကုန်းနေရေနေသတ္တဝါနှင့် အချို့သောငါးတွေရဲ့ ဦးခေါင်းထိပ်မှာ ရိုးရိုးတတိယမျက်လုံးပါရှိတတ်ပါတယ်။ တတိယမျက်လုံးပါရှိခြင်းက အမြင်အာရုံကိုပိုကျယ်ပြန့်စေတဲ့အပြင် အချို့တိရိစ္ဆာန်တွေမှာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် နေရဲ့အလင်းရောင်မှတစ်ဆင့် အကူအညီပေးပါတယ်။

ကျောရိုးမဲ့သတ္တဝါအများစုမှာ မျက်လုံးနှစ်လုံးထက်ပိုပြီး ပါရှိတတ်ပါတယ်။ ဥပမာအားဖြင့် ပင့်ကူတွေမှာ ရန်သူတွေကို ထောက်လှမ်းနိုင်ပြီး သားကောင်တွေကိုတိုက်ခိုက်ရာမှာ အကူအညီဖြစ်စေတဲ့ မျက်လုံးရှစ်လုံးပါရှိပါတယ်။ ဒီမျက်လုံးတွေကြောင့် သူတို့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရန်သူတွေရဲ့လှုပ်ရှားမှုတွေကို အမြန်ဆုံးသတိထားမိစေပါတယ်။

အထူးခြားဆုံးကတော့ ချတန်လို့ခေါ်တဲ့ ပင်လယ်ခရုတွေဖြစ်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်ထားတဲ့ သံချပ်ကာပြားပုံအခွံတွေမှာ ရာနဲ့ချီတဲ့မျက်လုံးလေးတွေပါရှိပါတယ်။ ဒီမျက်လုံးတွေဟာ သူတို့အတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အမြင်အာရုံနယ်ပယ်ကို မြှင့်တင်ပေးတဲ့အပြင် သားကောင်တွေကို ရှာဖွေနိုင်ဖို့ကူညီပေးပါတယ်။


ဖော်ပြထားတဲ့အချက်တွေအရ တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရန် (သို့) ရန်သူတွေကို တိုက်ခိုက်မှုကိုသတိပြုရန်အတွက် မျက်လုံးနှစ်လုံးထက်ပိုလိုအပ်ခြင်းဖြစ်ပါတယ်။