အချို့သတ္တဝါတွေက ရေချိုနှင့်ရေငန်တွေမှာ လိုအပ်သလိုနေထိုင်တတ်ကြပေမယ့် အများစုကတော့ တစ်မျိုးတည်းမှာသာ ရှင်သန်နေထိုင်တတ်ကြပါတယ်။ ဥပမာ ငါမန်းမျိုးစိတ်အချို့ဟာ ရေချိုနှင့်ရေငန်နှစ်မျိုးလုံးမှာ ရှင်သန်နိုင်ပေမယ့် အချို့မျိုးစိတ်တွေကတော့ တစ်မျိုးတည်းမှာသာ ရှင်သန်နိုင်ပါတယ်။

သို့ပေမယ့် ရေငန်မှာရှင်သန်နေထိုင်တဲ့ ငါးတစ်ကောင်ကို ရေချိုမှာလွှတ်ထားလိုက်မယ်ဆိုရင် ခဏအတွင်းမှာပဲ သိသိသာသာဖောင်းပွလာပါလိမ့်မယ်။ အကြောင်းကတော့ သူ့ရဲ့ပါးဟပ်တွေက ရေချိုအများအပြားကိုစုပ်ယူတဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ ရေနှင့်ဆားမညီမျှမှုပြဿနာတွေ ဖြစ်ပေါ်လာတဲ့အတွက်ဖြစ်ပါတယ်။ ပင်လယ်မှာနေထိုင်တဲ့ငါးတွေရဲ့ ခန္ဓာကိုယ်ဟာ ရေချိုထက်ပိုငန်တဲ့အတွက် အိုမိုဆစ်မှတစ်ဆင့်ရေတွေကို စုပ်ယူတဲ့အခါ အချိုးအဆမညီမျှတဲ့ပြဿနာတွေ ကြုံလာရခြင်းဖြစ်ပါတယ်။


ရေချိုငါးတွေဟာလည်း အချိုးအဆမညီမျှတဲ့ ပြဿနာကိုကြုံတွေ့ရပေမယ့် သူတို့မှာအချိန်ခဏတာအတွင်း ဖြေရှင်းနိုင်တဲ့နည်းလမ်းရှိပါတယ်။ ရေငန်တွေကို အများအပြားစုပ်ယူမိတဲ့အခါ ဆီးများများသွားခြင်းဖြင့် ဒီပြဿနာကိုဖြေရှင်းကြပါတယ်။ ငါးရှဥ့်နှင့် ဆော်လမွန်ငါးတွေဟာလည်း ရေချိုနှင့်ပင်လယ်နှစ်မျိုးလုံးမှာ ဇီဝဗေဒကိုပြောင်းလဲပြီးနေထိုင်ကြပါတယ်။ သို့ပေမယ့် ယခုလိုပြောင်းလဲနေထိုင်ဖို့အတွက် စွမ်းအင်နှင့် အချိန်များစွာလိုအပ်ပါတယ်။
