ကမ္ဘာပေါ်မှာ ကျဉ်လည်ကျက်စားခဲ့ဖူးတဲ့ ပင်လယ်နတ်ဆိုး

//s9.kh1.co/86/867bae542ab321deb5e2f1ed4a218ee51a3f75db.jpg
MPT

 ၀၅-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်မှာ ကျဉ်လည်ကျက်စားခဲ့ဖူးတဲ့ ပင်လယ်နတ်ဆိုး

Megalodon လို့ခေါ်တဲ့ ငါးမန်းတွေဟာ Cenozoic ခေတ် လူသားတွေမပေါ်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ သန်းမှ ၂.၆ သန်းခန့်က မျိုးသဉ်းပျောက်ကွယ်သွားတဲ့ ဧရာမငါးမန်းမျိုးစိတ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြားဆုံး နေထိုင်ကျက်စားခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

သူတို့ရဲ့ သွားတစ်ချောင်းတောင် အရှည် ၇ လက်မ - ၈ လက်မထိရှိပြီး အဲ့ဒီသွားတွေက သားကောင်တွေကို အမဲလိုက်ရာမှာ အလွယ်တကူ ကိုက်ဖြတ်နိုင်စွမ်းရှိကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ပါးစပ်ပေါက်က လူနှစ်ရပ်စာလောက် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ 

Photo Credit - From Google 
Photo Credit - From Google 

အရွယ်ရောက်ပြီးသား Megalodon တစ်ကောင်ဆိုရင် အရှည်ပေ ၆၀ အထိ ကြီးထွားကြတယ်လို့ ခန့်မှန်းကြပေမယ့် အချို့ဆောင်းပါးတွေမှာတော့ အရှည် ၃၅ ပေထိ ကြီးထွားကြတယ်လို့ ဖော်ပြထားကြပါတယ်။ ယနေ့ခေတ်နောက်ပိုင်းမှာ Megalodon ငါးမန်းတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရှိခဲ့တာ ကြောင့် အဲ့ဒီငါးမန်းတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကျဉ်လည်ကျက်စားခဲ့တယ်လို့ ပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

 Megalodon ငါးမန်းတွေရဲ့ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းကို အမျိုးမျိုးပြောနေကြပေမယ့် တကယ့်လက်တွေ့ အထိအကျမသိသေးတာကြောင့် ယနေ့အချိန် သိပ္ပံပညာရှင်တွေကြားမှာ ဆွေးနွေးငြင်းခုံဆဲပါ။ သင်တို့ရော Megalodon ငါးမန်းတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားတယ်လို့ ထင်လဲ..။ 

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

သတင်း အရင်းအမြစ် Source - Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T