ကျွဲရိုင်းငါးမန်းတွေကို ကမ္ဘာတစ်ဝှမ်းရှိအပူပိုင်းဒေသနှင့် အပူပိုင်းရေပြင်ကျယ်တွေမှာ အများဆုံးတွေ့ရပါတယ်။ ကြီးမားတောင့်တင်းတဲ့တိရိစ္ဆာန်တွေဖြစ်ပြီး ပုံမှန်အားဖြင့်ကမ်းရိုးတန်းအနီးမှာ တွေ့ရတတ်ပါတယ်။ တင်းမာသောအသွင်အပြင်နှင့် လုံးဝန်းသောနှာတံအပြင် ရန်လိုတတ်တဲ့အပြုအမူတွေကြောင့် ကျွဲရိုင်းငါးမန်းလို့ အမည်ပေးထားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွဲရိုင်းငါးမန်းတွေမှာ အခြားထူးခြားချက်များစွာရှိပါသေးတယ်။ ဒီလိုထူးခြားချက်တွေထဲက သိထားသင့်တဲ့အချက်အချို့ကို ဖော်ပြပေးသွားပါမယ်။

(၁) ကျွဲရိုင်းငါးမန်းတွေဟာ ကမ္ဘာပေါ်မှာ အကိုက်စွမ်းအားအမြင့်ဆုံးတိရိစ္ဆာန်အဖြစ်မှတ်တမ်းတင်ထားပါတယ်။ သူတို့ရဲ့အကိုက်စွမ်းအားတွေနဲ့ ငါးတွေအပြင် အခြားငါးမန်းကောင်တွေကိုလည်း ဖမ်းယူစားသောက်တတ်ကြပါတယ်။

(၂) ငါးမန်းအများစုက ရေချို (သို့မဟုတ်) ရေငန် တစ်ခုတည်းမှာသာရှင်သန်နိုင်ပေမယ့် ကျွဲရိုင်းငန်းမန်းတွေကတော့ ရေချိုနှင့် ရေငန်နှစ်မျိုးလုံးမှာ ရှင်သန်နိုင်ပါတယ်။ ရေချိုတွေမှာနေတဲ့အခါ သာမန်'ဆီး'ကိုများများထုတ်လွှတ်ပြီး ရေငန်ထဲရောက်တဲ့အခါ ဆားရည်ပါတဲ့'ဆီး'ကို များများထုတ်ပေးနိုင်တဲ့ လည်ပတ်မှုတွေရှိပါတယ်။ ဒီလည်ပတ်မှုကို အိုစ်မိုလည်ပတ်မှုလို့ ခေါ်ကြပါတယ်။

(၃) ကျွဲရိုင်းငါးမန်းတွေဟာ အကောင်လိုက်မျိုးပွားတတ်တဲ့မျိုးစိတ်တွေဖြစ်ပါတယ်။ အခြားငါးမန်းမျိုးစိတ်အများစုက ဥနဲ့သာမျိုးပွားတတ်ကြပေမယ့် ကျွဲရိုင်းငါးမန်းတွေက ထူးထူးခြားခြားအကောင်လိုက်မျိုးပွားတတ်ကြတာဖြစ်ပါတယ်။ တစ်ခါမျိုးပွားတဲ့အခါ (၁၃) ကောင်ထိ မွေးနိုင်ပါတယ်။

(၄) နောက်ထပ်ထူးခြားချက်ကတော့ ငါးမန်းတွေမှာ အရမ်းကောင်းတဲ့ အစာချေဖျက်မှုစနစ်ရှိပါတယ်။ အကယ်၍သူတို့ဟာ အစာရှားပါးတဲ့ဒေသကိုရောက်နေရင် ပုံမှန်ထက်အစာချေဖျက်မှုနှုန်းကိုနှေးကွေးအောင်လုပ်နိုင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ငါးမန်းတွေဟာ အစာရှားပါးတဲ့ဒေသမှာ ကောင်းကောင်းရှင်သန်နိုင်ပါတယ်။
