ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး နေထိုင်လာခဲ့တဲ့ သတ္တဝါများ

//s9.kh1.co/17/1763894bf7e200010f93d77f62b0a0ceabcac164.jpg
MPT

 ၀၂-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး နေထိုင်လာခဲ့တဲ့ သတ္တဝါများ

ကျွန်တော်တို့ ကမ္ဘာမြေဟာ သက်တမ်းအမျိုးမျိုးဖြင့် သက်ရှိမျိုးစုံနေထိုင်ရာ အိမ်ကြီးဆိုတာ အားလုံးသိထားကြမှာပါ။ ဒါပေမယ့် ဘယ်သတ္တဝါတွေက ဘယ်အချိန်ကတည်းက ကမ္ဘာမြေပေါ်မှာ နေထိုင်လာခဲ့သလဲဆိုတာကတော့ မသိကြပါဘူး။ အခုဖော်ပြပေးမှာကလည်း သိပ္ပံနည်းကျလေ့လာထားတဲ့ သက်တမ်းရှည်မျိုးစိတ်အချို့ရဲ့ အကြောင်းပါ။

(၁) မိကျောင်းများ

Photo Credit - From Google 
Photo Credit - From Google 

မိကျောင်းတွေရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၉ ခန့်ကတည်းက ရှိခဲ့တာဖြစ်ပြီး Jurassic  ခေတ် မတိုင်ခင်က ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။ 

(၂) ပင်လယ်လိပ်များ 

Photo Credit - From Google 
Photo Credit - From Google 

ပင်လယ်လိပ်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၃၀ အကြာကဖြစ်တည်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ကုန်းလိပ်‌တွေကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၂၀ ခန့်အကြာကဖြစ်တည်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ဧရာမလိပ်ကြီးတွေဖြစ်ခဲ့ပါတယ်။ 

(၃) တီကောင်များ

Photo Credit - From Google 
Photo Credit - From Google 

ကမ္ဘာပေါ်ရှိ သက်တမ်းအကြာဆုံးမျိုးစိတ်တွေထဲမှာ ကျောရိုးမဲ သတ္တဝါဖြစ်တဲ့ တီကောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ သူတို့ဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၄၅၀ ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ ဆိုပါတယ်။ 

(၄) ရေဘဝဲများ

Photo Credit - From Google 
Photo Credit - From Google 

ရေ‌ဘဝဲတွေဟာ ပင်လယ်နေမျိုးစိတ်တွေထဲမှာတော့ အထူးခြားဆုံး မျိုးစိတ်လို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးခြားဆန်းကြယ်တဲ့ သူတို့ရဲ့ သွေးနဲ့ အသွင်အပြင်တွေကြောင့်ပါ။ သူတို့ရဲ့ သက်တမ်းကတော့ နှစ်သန်းပေါင်း ၃၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

(၅) ငါးမန်းများ

Photo Credit - From Google 
Photo Credit - From Google 

ပင်လယ်ဘုရင်လို့ တင်စားခြင်းခံရတဲ့ ငါးမန်းတွေကလည်း သက်တမ်းရှည် သတ္တဝါတွေထဲမှာ အပါအဝင်ပါ။ သူတို့ရဲ့ သက်တမ်းကတော့ နှစ်သန်းပေါင်း ၃၀၀ ခန့်ရှိပါတယ်။

(၆) ပင်လယ်ကြယ်ငါး

Photo Credit - From Google 
Photo Credit - From Google 

ကြယ်ငါးတွေကလည်း ထူးခြားတဲ့ ရေနေသတ္တဝါပါ။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ သူတို့ရဲ့ သက်တမ်းက‌ နှစ်သန်းပေါင်း ၄၄၀ ခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ယခုဖော်ပြပေးတဲ့ သတ္တဝါတွေရဲ့ သက်တမ်းကတော့ အတိအကျတော့ မသတ်မှတ်ပါနဲ့။ ဒီသက်တမ်းတွေဟာ သိပ္ပံနည်းကျလေ့လာတွေ့ရှိထားတဲ့ အခြေအနေပေါ်မူတည်ဖြစ်ပြီး အနီးစပ်ဆုံး ခန့်မှန်းထားခြင်းသာ ဖြစ်ပါတယ်။ ဒီသတ္တဝါတွေနဲ့ ပတ်သက်ပြီး သင်သိထားတာရှိရင်လည်း ပြောပြပေးခဲ့ပါဦး။ 

သတင်း အရင်းအမြစ် Source - Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T