သွေးတွေစီးကျနေတဲ့ အန္တာတိကတိုက်က နေရာတစ်ခု..

//s9.kh1.co/b0/b003b62f3aeaf24e94f39326e69ef1d5d81d7202.jpg
MPT

 ၂၉-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

သွေးစစ်တွေတော့ မဟုတ်ပါဘူး..

အန္တာတိကတိုက်ဆိုတာ ရေခဲပြင်တွေဖုံးလွှမ်းပြီး လူတွေမနေတဲ့ တိုက်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီလိုအေးခဲပြီး လူတွေမနေတဲ့ တိုက်ကြီးတစ်ခုမှာ သွေးရေတံခွန်လို့နာမည်ကြီးတဲ့ နေရာတစ်ခုကို တောက်ပတဲ့အဖြူရောင်‌ရေခဲတောင်တွေကြားမှာ တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါသွေးရေတံခွန်ကို တေလာရဲ့ မာမိုဒိုခြောက်သွေ့ချိုင့်ဝှမ်းခရီးစဥ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/59/5924641f9344c9d68f310780005b574087f1d9ba.jpg

သွေးရေတံခွန်လို့ အမည်ပေးထားပေမယ့် သွေးစစ်စစ်တွေစီးကျနေတာတော့မဟုတ်ပါဘူး။ သတ္တုဓာတ်ကြွယ်ဝပြီး ဟိုက်ပါစလင်းတွေကို ထုတ်လွှတ်ပေးတဲ့ ဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှတစ်ဆင့် ရေခဲတောင်ကြားမှ အနီရောင်စီးဆင်းမှုတစ်ခုကိုဖြစ်စေတာ ဖြစ်ပါတယ်။ အနီရောင်အရည်တွေဟာ သွေးတွေနဲ့ ဆင်တူတဲ့အတွက် သွေးရေတံခွန်လို့ အမည်ပေးထားခြင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=412,q=100/ed/ed2fd0d0b6c6c9a0c73bf640d873404a8abe4d1a.jpg

ဩစတေးလျဘူမိဗေဒပညာရှင် ဂရာဗင်တေလာက သွေးရေတံခွန်ဖြစ်ပေါ်လာမှုကို ၁၉၁၁ မှာ ပထမဆုံးလေ့လာခဲ့ပါတယ်။ တေလာက ရေညှိနီတွေကြောင့် အနီရောင်အဖြစ်ပြောင်းလဲသွားတာဖြစ်ကြောင်း ဖော်ပြထားပေမယ့် မှားယွင်းတဲ့ လေ့လာမှုတစ်ခုသာဖြစ်ကြောင်း နောက်ပိုင်းလေ့လာသူတွေက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အကြောင်းရင်းမှန်ကတော့ သတ္တုဓာတ်ကြွယ်ဝတဲ့ အရည်တွေဟာ ရေခဲတောင်မျက်နှာပြင်ကိုဖြတ်သွားတဲ့အခါ အောက်စီဒစ်ဖြစ်သွားပြီး အနီရောင်ပြောင်းသွားခြင်းဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သံချေးတက်နေတဲ့အရာတွေကို ရေနှင့်ထိတွေ့လိုက်တဲ့အခါ ဓာတ်ပြုပြီးအရောင်ပြောင်းသွားတဲ့ဖြစ်စဥ်အတိုင်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=650,h=417,q=100/59/59316d0e28c9d6604375f88978806cbd4910ff4b.jpg

လူမနေတဲ့ တိုက်ကြီးတစ်ခုမှာ ဒီလိုထူးခြားအံ့ဩဖွယ်ဖြစ်စဥ်တွေအပြင် အခြားဖြစ်စဥ်တွေလည်း များစွာရှိနေပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=382,q=100/1c/1c1832c454469a40a437c3e72b01d796424f135a.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T