မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ ရှားပါးငှက်မျိုးစိတ်

//s9.kh1.co/ad/ad2ea16fb83ee2811dcc1894cc5d0aa44a6c7e7c.jpg
MPT

 ၂၆-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၃ ရက် က

မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ ရှားပါးငှက်မျိုးစိတ်

Francolinus pintadeanus လို့ခေါ်တဲ့ ခါငှက်ဟာ မြန်မာနိုင်ငံမှာလည်း တွေ့ရလေ့ရှိတဲ့ ရှားပါး ငှက်မျိုးစိတ်ဖြစ်ပါတယ်။ ခါငှက်ကို လူတော်တော်များများ သိကြပေမယ် အချို့ကတော့ မသိကြပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ခါငှက်အမျိုးမျိုးရှိပြီး ဒေသအခေါ်အဝေါ်တွေနဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုတော့ ရှိပါတယ်။ ခါငှက်ကို အချို့ကလည်း ဖယ်ကာ ၊အချို့ကလည်း ဖားမိဖရန်ကိုလင်ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

မြန်မာနိုင်ငံမှာတော့ ခါငှက် ၁၀ မျိုးလောက်ရှိတယ်လို့ အချို့က ဆိုပေမယ့် သေသေချာချာ အမျိုးအစားခွဲခြားထားတာတော့ မတွေ့ရပါဘူး။ ခါငှက်တွေက လူအမြင်မခံ ၊ ကြောက်ရွံ့တတ်ကြသူတွေဖြစ်လို့ ကံကောင်းတဲ့ သူမှ သူတို့ကို တွေ့ရတာပါ။ ခါငှက်တွေကိုတော့ တနင်္သာရီတိုင်းမှလွဲပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့် လယ်ကွက်တွေ အနီးက တောစပ်တွေမှာ ကျက်စားကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

မြန်မာနိုင်ငံမှာတော့ အရွယ်ရောက်ပြီးသား ခါငှက်တစ်ကောင်ဆိုရင် အလျား ၁၃ လက်မခန့်ရှိပြီး အများအားဖြင့် သူတို့ရဲ့ အတောင်မှာ အကြေးကွက်လို အကွက်များရှိပါတယ်။ သူတို့ရဲ့ မျိုးဥပေါက်ချိန်က မတ်လနှင့် စက်တင်ဘာလတွေမှာ ဖြစ်ပြီး အသိုက်များကို မြေပေါ်တွေမှာပဲ ကျင်းယက်နေထိုင်ကြတာ ဖြစ်ပါတယ်။ ခါငှက်တွေကို မြန်မာနိုင်ငံအပြင် အာဖရိကတိုက်၊ ဥရောပတိုက်မြောက်ပိုင်း၊ အီရန်၊ တိဗက်ပြည်၊ အာရှတိုက်နှင့် တောင်နှင့်မြောက် အမေရိကတိုက်များမှာ တွေ့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - wikipedia

Zin Myo
Zin Myo

ဆက်စပ်သတင်း

Copyright Mediaload