ကုလားအုတ်နှင့် သိုးရောစပ်ထားတဲ့ပုံစံဖြစ်နေတဲ့ အယ်လ်ပါကာသိုးလေးတွေကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးမပြုကြဘဲ သိုးတွေလို အမွေးရိတ်ဖို့အတွက် သာမွေးမြူကြပါတယ်။ ချစ်စရာကောင်းတဲ့ ဒီကုလားအုတ်မျိုးစိတ်တွေမှာ သင်မသိသေးတဲ့ ထူးခြားချက်တွေရှိနေပါတယ်။ ဒါကြောင့် သူတို့ရဲ့ အထူးခြားဆုံး အချက် (၅) ချက် ကို ဖော်ပြပေးသွားပါမယ်။

(၁) အယ်လ်ပါကာတွေဟာ ရှေးကျတဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀ လောက်ကတည်းက ပြန့်ပွားလာတဲ့မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ဟာ ရှေးကျပေမယ့် သက်တမ်းကတိုပါတယ်။ သူတို့ရဲ့သက်တမ်းက ၁၅ နှစ်မှ ၂၀ နှစ်အတွင်းသာရှိပါတယ်။

(၂) အယ်လ်ပါကာတွေဟာ မျိုးပွားမြန်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တစ်ဝက်ခန့်က သူတို့ကို တိရိစ္ဆာန်ရုံတွေမှာ အနည်းငယ်သာတွေ့ရပါတယ်။ ၁၉၈၄ ခုနှစ်ရောက်မှသာ အမေရိကမြောက်ပိုင်းမှာ အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် စတင်မွေးမြူကြပြီး အကောင်ရေ ၂၅၀၀၀၀ ခွဲထိတိုးလာပါတယ်။ ယနေ့ခေတ်မှာလည်း သူတို့ကို အများအပြားမွေးမြူကြပြီး အရေအတွက် တိုးပွားလျက်ရှိပါတယ်။

(၃) သူတို့ဟာ အဖော်မွန်ကောင်းတွေလည်းဖြစ်နိုင်ပါတယ်။ လူတွေနဲ့ ရင်းနှီးတဲ့ အဖော်မွန်ကောင်းလို့ပြောရင် ခွေးနှင့် ကြောင်ကိုသာအများဆုံးပြေးမြင်တတ်ကြပါတယ်။ ခွေးတွေလိုပဲ သူတို့ဟာလည်း တောင်တက်နိုင်တဲ့ အဖော်မွန်ကောင်းတွေဖြစ်ကြပါတယ်။

(၄) အယ်လ်ပါကာကုလားအုတ်တွေရဲ့အမွေးဟာ မီးလောင်လွယ်ပြီး ရေစိုခံပါတယ်။ ပျော့ပျောင်းပြီးရေစိုခံတဲ့အပြင် ရေကိုစုပ်ယူနိုင်တဲ့အတွက် ဝါဂွမ်းတွေအဖြစ်ထုတ်လုပ်ကြပါတယ်။

(၅) အယ်ပါကာတွေဟာ သူတို့ရဲ့ခံစားချက်အတိုင်း အသံအမျိုးမျိုးကိုထုတ်တတ်ကြပါတယ်။ ငြီးငွေ့ပြီးပူပန်တဲ့အခါ ထုတ်လွှတ်တဲ့အသံနှင့် အန္တရာယ်ရှိတဲ့အချိန်ထုတ်လွှတ်လိုက်တဲ့အသံတွေက ကွဲပြားပါတယ်။ ဒါကြောင့် သူတို့ရဲ့အသံကိုနားထောင်ပြီး ခံစားချက်တွေကို ခွဲခြားလို့ရပါတယ်။
