ကြံ့တွေမှာ ဦးချိုနှင့် သံချပ်ကာပုံစံအရေပြားတွေရှိသလိုပဲ သစ်ပင်ဟော့တွေမှာလည်း သစ်ရွက်တွေနဲ့ ဖုံးအုပ်ထားတဲ့ ကိုယ်ထည်ရှိပါတယ်။ ဒါ့အပြင် ဦးခေါင်းမှာလည်း ရန်သူတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့ ဦးချိုလေးတွေ ပုံစံအမျိုးမျိုးနဲ့ ပါရှိပါတယ်။ သစ်ပင်ဟော့တွေဟာ သစ်ရွက်ပုံစံကိုယ်ထည်ကြောင့် လူသိများပြီး မျိုးစေ့ပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ သဘာဝရဲ့ အံ့ဩစရာဖန်တီးမှုတစ်ခုလို့လည်း ပြောနိုင်ပါတယ်။
ကယ်လီဖိုးနီးယားရဲ့ သိပ္ပံပညာရပ်ဆိုင်ရာအကယ်ဒမီတစ်ခုက သူတို့ကို အကောင်းဆုံးမိဘတွေအဖြစ်သတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ သူတို့ဟာ သားပေါက်လေးတွေကို မွေးကင်းစအချိန်မှ လုံးဝအရွယ်ရောက်တဲ့အထိ သူတို့ရဲ့ ဆူးပုံသဏ္ဍာန်ဦးချိုနဲ့ ကာကွယ်ပေးလေ့ရှိပါတယ်။
သားကောင် သို့မဟုတ် ကပ်ပါးကောင်တွေချဥ်းကပ်လာတဲ့အခါ သစ်ပင်ဟော့မိခင်တွေဟာ သူတို့ရဲ့သားပေါက်တွေကို ကာကွယ်ဖို့ သို့မဟုတ် ကျူးကျော်သူတွေကို တားဆီးဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လိမ်ခေါက်ပြီး တုန်ခါစေပါတယ်။
ဦးချိုပိုကြီးတဲ့ သစ်ပင်ဟော့မိခင်တွေက သူတို့ရဲ့သားပေါက်တွေကို ပိုမိုကာကွယ်နိုင်တဲ့အပြင် သားပေါက်တွေကို ပြုစုပျိုးထောင်ရာမှာ အတော်ဆုံးမိခင်တွေအဖြစ် သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဦးချိုကြီးလေလေ သားပေါက်လေးတွေနှင့် သူတို့အမျိုးအနွယ်အတွက် ရှင်သန်မှုနှုန်း ပိုမိုမြင့်မားလေဖြစ်ပါတယ်။ သစ်ပင်ဟော့တွေရဲ့ သူတို့အမျိုးအနွယ်အပေါ် ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်ပုံကတော့ အံ့ဩလောက်စရာကောင်းပါတယ်။