ကမ္ဘာပေါ်ရှိ ထင်ရှားလှတဲ့ လှိုဏ်တွေထဲမှာတော့ ဟန်ဆွန်ဒေါင် ( Hang Sơn Đoòng ) သဘာဝလှိုက်ဂူက ထူးထူးခြားခြားနဲ့ အကြီးဆုံး လှိုဏ်ဂူကြီးပါ။ ဆွန်ဒေါင်လို့လည်း လူသိများတဲ့ ဟန်ဆွန်ဒေါင် လှိုူဏ်ဂူဟာ ဗီယက်နမ်နိုင်ငံ၊ Quảng Binh ပြည်နယ်ရှိ Phong Nha-Kẻ Bàng အမျိုးသားဥယျာဉ်မှာ ရှိတဲ့ သဘာဝတရားတွေ ပြည့်နှက်နေတဲ့ ဂူကြီးလည်း ဖြစ်ပါတယ်။


ဒီလှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်က သစ်မွေးရှာတဲ့ ရွာသားတစ်ဦးကနေ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး လှိုက်ဂူကြီးအဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးမားသလဲဆိုရင် အာရှမှာ မြင့်မားပါတယ်ဆိုတဲ့ အထပ်မြင့်အဆောက်အုံးတွေတောင် ထည့်ထားလို့ ရတဲ့ အနေအထားပါ။ ဟန်ဆွန်ဂူဟာ အတော်လေးကို ကျယ်ဝန်းတာကြောင့် နေ့အလင်းရောင်ဝင်ရောက်မှုအားကောင်းလို့ တစ်ခါတလေ တိမ်တွေတောင် ဖြစ်ပေါ်ပါတယ်။


ဟန်ဆွန်ဂူရဲ့ အရွယ်အစားမှာ အရှည် ၅ ကီလိုမီတာ (၃ မိုင်) ကျော်ရှိပြီး အမြင့် ၂၀၀ မီတာ (၆၆၀ ပေ) ၊ အကျယ် ၁၅၀ မီတာ (၄၉၀ ပေ) ထိရှိပါတယ်။ စုစုပေါင်း ဧရိယာမှာ ကုဗမီတာ ၃၈ ဒသမ ၅ သန်း (ကုဗပေ ၁ ဒသမ ၃၅ ဘီလီယံ) ရှိတာ ဖြစ်ပါတယ်။


အံ့ဩစရာကောင်းတာက ဂူကြီးရဲ့ အောက်ခြေမှာ အခြားလှိုဏ်ဂူတွေနဲ့ ဆက်စပ်နေတဲ့ မြေအောက်မြစ်တစ်စင်းရှိနေတာပါ။ ဂူကြီးဟာ ထုံးကျောက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြစ်ရဲ့ တိုက်စားမှုဒဏ်ကြောင့် လွန်ခဲ့တဲ့ ၂ သန်းကနေ ၅ သန်းခန့်လောက်ကတည်းက ဖြစ်ပေါ်ခဲ့တာလို့ ပညာရှင်တွေက ခန့်မှန်းခဲ့ကြပါတယ်။ သဘာဝကိုချစ်မြတ်နိုးသူတွေနဲ့ စွန့်စားသူတွေအတွက် တကယ့်ကို ကြည်နူးစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကို ဟန်ဆွန်ဒေါင် လှိုဏ်ဂူက ပေးစွမ်းနိုင်မှာ သေချာပါတယ်။

သတင်း အရင်းအမြစ်៖ Source - wikipedia




