ရေဘဝဲနှင့် ကင်းမွန်ငါးတို့ကို ဘယ်လိုခွဲမလဲ..

//s9.kh1.co/ac/ac697f10005a964417a184074a7db6cbaa533b68.jpg
MPT

 ၂၄-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပုံစံချင်းတူနေပေမယ့် သေချာကြည့်ရင် ခွဲခြားလို့ရပါတယ်..

လူတော်တော်များများက ရေဘဝဲနှင့် ကင်းမွန်ငါးတွေကို တူညီတယ်လို့ထင်တတ်ကြပါတယ်။ အချို့ကလည်း ရေဘဝဲနှင့် ကင်းမွန်ငါးတွေမတူညီမှန်းသိနေပေမယ့် သူတို့ကိုကောင်းကောင်းမခွဲခြားတတ်ပါဘူး။ သူတို့မှာ ပျော့ပျောင်းတဲ့ခန္ဓာကိုယ်နှင့် ရှည်လျားတဲ့လက်ချောင်းတွေပါရှိတဲ့အတွက်ကြောင့် ပုံသဏ္ဍာန်ချင်းတူညီသယောင်ထင်ရပြီး ခွဲခြားမရတာဟာ အဆန်းကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် လုံးဝခွဲခြားတတ်အောင် သူတို့ကြားက ခြားနားချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။ 

ကင်းမွန်ငါးပြပုံ (Google)
ကင်းမွန်ငါးပြပုံ (Google)

အရွယ်အစား

အရွယ်အစားအားဖြင့် ယှဥ်ကြည့်မယ်ဆိုရင်တော့ ကင်းမွန်ငါးတွေက သုံးဆလောက်ပိုကြီးပါတယ်။ အကြီးဆုံးအဖြစ်သတ်မှတ်ထားတဲ့ ကင်မွန်းငါးက (၄၂) ပေကျော်ရှည်ပြီး သမုဒ္ဒရာထဲက အကြီးဆုံးရေဘဝဲကတော့ (၁၆) ပေခန့်သာ ရှည်လျားပါတယ်။ 

ကင်းမွန်ငါး
ကင်းမွန်ငါး

လက်ချောင်းများ

သူတို့မှာ အရေအတွက်တူညီတဲ့ လက်ချောင်းရှစ်ချောင်းစီပါပေမယ့် ပုံသဏ္ဍာန်ချင်းမတူကြပါဘူး။ ရေဘဝဲတွေရဲ့လက်ချောင်းတွေက နူးညံ့ပြီး အခြားတိရိစ္ဆာန်တွေရဲ့ အရသာ၊ ဆုပ်ကိုင်မှုနှင့် အနံ့အသက် စတဲ့အာရုံတွေကို ခံစားနိုင်ပါတယ်။ ကင်းမွန်ငါးတွေရဲ့ လက်ချောင်းတွေမှာတော့ ချိတ်ဆွဲနိုင်တဲ့ကြွက်သားတွေပါဝင်ပြီး သားကောာင်တွေကို ဖမ်းယူစားသောက်ရာမှာ အသုံးပြုကြပါတယ်။ ရေဘဝဲတွေမှာ ကင်းမွန်ငါးတွေထက် ပျော့ပျောင်းချောမွေ့တဲ့ လက်ချောင်းတွေကို ပိုင်ဆိုင်ထားပြီး ပင်လယ်ကြမ်းပြင်ပေါ်မှာ လမ်းလျှောက်နိုင်ဖို့နှင့် အရာဝတ္ထုတွေကို ကိုင်တွယ်နိုင်ဖို့ ကူညီပေးပါတယ်။ 

ရေဘဝဲ
ရေဘဝဲ

ဦးခေါင်းပုံသဏ္ဍာန်

အထင်ရှားဆုံးရုပ်ပိုင်းဆိုင်ရာ ခြားနားချက်တစ်ခုကတော့ သူတို့ရဲ့ခေါင်းတွေပါ။ ရေဘဝဲတွေမှာ ဝတ်လုံနဲ့ဖုံးအုပ်ထားပုံပေါ်တဲ့ လုံးဝန်းသောဦးခေါင်းလေးတွေရှိပြီး ကင်းမွန်ငါးတွေမှာတော့ တြိဂံပုံဦးခေါင်းနှင့် ဘေးမှာအတောင်လေးတွေပါရှိပါတယ်။ သွားလာလှုပ်ရှားဖို့အတွက် ဘေးကအတောင်တွေကို အသုံးပြုကြပါတယ်။ ရေဘဝဲတွေကတော့ သွားလာလှုပ်ရှားဖို့အတွက် တွန်းကန်အားကိုသာ အသုံးပြုကြတာပါ။

ကင်းမွန်ငါး
ကင်းမွန်ငါး

ဖော်ပြထားတဲ့အချက် (၃) ချက်အရ ရေဘဝဲနှင့် ကင်းမွန်ငါးတွေကို ကောင်းကောင်းခွဲခြားလို့ရပါတယ်။ 

ရေဘဝဲ
ရေဘဝဲ
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T